Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်‌ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၀) ရက်နေ့ (၁၁:၀၀)အချိန်မှ(၁၄:၀၀)အချိန်ထိ ကျိုက်မရောမြို့နယ်၊ နိတုံကျေးရွာနှင့် ကော့ကလောကျေးရွာတို့တွင် COVID-19 ကူးစက်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း နှင့်မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ မုန်တိုင်:ဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းတို့အား ပြုလုပ်ခဲ့ပြီး ဗီနိုင်း ပိုစတာများ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#mon_aug2020

Sign Up

Upcoming Events