ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့၊ လီဆူဘုရားကျောင်း IDPs စခန်းမှ အိမ်ထောင်စု(၂၁၁)စု လူဦးရေ(၁၂၁၅)ဦးအတွက် paris ဆပ်ပြာ (၁၂၁၅)ခဲ နှင့် ထုံးအိတ်(၁၀)အိတ်ကိုလည်းကောင်း၊ နှစ်ခြင်းဘုရားကျောင်း IDPs စခန်းမှ အိမ်ထောင်စု(၃၈)စု လူဦးရေ(၂၄၁)ဦးအတွက် paris ဆပ်ပြာ (၂၄၁)ခဲ နှင့် ထုံးအိတ်(၁၀) အိတ်ကိုလည်းကောင်း၊ ကက်သလစ်IDPs စခန်းမှ အိမ်ထောင်စု (၆၇)စု၊ လူဦးရေ (၄၁၈)ဦးတို့အတွက် ဆပ်ပြာ(၄၁၈)နှင့် ထုံး(၁၀)အိတ်ကိုလည်းကောင်း၊ ဆိုင်းဂျာဘုရားကျောင်း IDPsစခန်းမှ အိမ်ထောင်စု(၄၄)စု လူဦးရေ(၂၇၄)ဦးအတွက် paris ဆပ်ပြာ (၂၇၄)ခဲ နှင့် ထုံးအိတ်(၁၀)အိတ်ကိုလည်းကောင်း၊ ညောင်နှစ်ပင်IDPs စခန်းမှ အိမ်ထောင်စု(၄၈)စု လူဦးရေ(၂၉၃)ဦး အတွက် paris ဆပ်ပြာ (၂၉၃)ခဲ နှင့် ထုံးအိတ်(၁၀)အိတ်တို့နှင့် ထန်းညIDPsစခန်းမှ အိမ်ထောင်စု(၂၄)စု လူဦးရေ(၁၁၈) ဦးအတွက် paris ဆပ်ပြာ(၁၁၈)ခဲနှင့် ထုံးအိတ်(၁၀)အိတ်တို့အား ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများက(၁၈-၈-၂၀၂၀) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင်သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_otr
#kcn_aug2020

 

Sign Up

Upcoming Events