Category Archives: News
-
ဒဏ်ရာရလူနာများအတွက် ထောက်ပံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၈-၂၀၂၀) ရက်နေ့ (၀၇:၁၄)နာရီအချိန်တွင် မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်၊ မီးရထားရဲစခန်းရှေ့၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ညောင်ပင်လဲကျကာ ဒဏ်ရာရရှိသူ(၂)ဦးအတွက် (၁)ဦးလျှင် (၅၀၀၀ဝ/-)ကျပ်နှုန်းဖြင့် (၁၀၀၀၀ဝ/-)ကျပ်အား (၁၉-၈-၂၀၂၀)နေ့ (၁၅:၀၀)နာရီအချိန်၌ အောင်နန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #kcn_aug2020 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၀)ရက်နေ့တွင် ခန္တီးမြို့နယ်၊ မြို့မရပ်ကွက်နှင့် ပေါမိုင်းရပ်ကွက်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ကမ်းဘေး၀ဲယာနှင့် မြေနိမ့်ပိုင်းနေရာများသို့ ရေ၀င်ရောက်ခဲ့ရာပြောင်းရွှေ့ရသည့် စုစုပေါင်းအိမ်ထောင်စု (၅၆) စု၊ လူဦးရေ (၂၆၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၅၀၂၀ဝ/-)ကျပ်၊ ဆပ်ပြာ(၅၆) တောင့်နှင့် နှာခေါင်းစည်း(၂၆၂)ခုတို့အား (၁၉-၈-၂၀၂၀) ရက်နေ့၊ (၁၃:၂၃) နာရီနှင့်(၁၃း၅၈)နာရီအချိန်တို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများဖြင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #sgg_aug2020
-
ကမ်းပြိုဘေးအတွက် ထောက်ပံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၀) ရက်နေ့၌ ရွှေကူမြို့နယ်၊ တောပုန်း ကျေးရွာတွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကြိုတင်ဖျက်သိမ်းအိမ်ထောင်စု (၁)စု၊ လူဦးရေ(၄) ဦးတို့အား (၁၉-၈-၂၀၂၀)ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူလက်ဝယ်ထံအရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #kcn_aug2020 Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ဆိပ်ကျွန်းကျေးရွာနှင့်မရမ်းကုန်းကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေး နှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ရေဘေးနှင့် မြေပြိုဘေး အန္တရာယ်များ ကြိုတင် ပြင်ဆင်ရေး အသိပညာပေးဟောပြောခြင်းအား အသံချဲ့စက်များဖြင့်လည်းကောင်း ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပြည်သူသို့ အသိပေးနှိုးဆော်ခြင်းအား Handspeaker များဖြင့်လည်းကောင်း အသိပေးနှိုးဆော်ကြေငြာခဲ့ပြီး ဗီနှိုင်းပိုစတာဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၀)ရက်နေ့၊ ညနေ(၁၅:၀၀)အချိန်တွင် ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီး ကျေးရွာအုပ်စု၊ ကျွန်းညိုကြီး (ကျွန်းညိုရွာသစ်) ကျေးရွာ၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ ခဲ့ရသော အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ ကျား(၂)ဦး မ(၄)ဦး၊ စုစုပေါင်း(၆)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၂၆၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂၆၀၀/-)ကျပ်၊ ဓာတ်ဆား(၁၀)ထုပ်နှင့် First Aid Kit (၁)အိတ်အား (၁၉-၈-၂၀၁၉)ရက်နေ့ မွန်းလွဲ(၁၃:၀၀)နာရီတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၂၀) ရက်နေ့တွင် မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ ကောင်းမြတ်သုခကုမ္မဏီလုပ်ကိုင်ခွင့်ရ သက်တမ်းရှိ လုပ်ကွက်အမှတ် (၇၁) လုပ်ကွက်ကျင်း၌ ရေမဆေး ကျောက်ရှာဖွေသူ(၁)ဦးသည် ကမ်းပြိုဘေးကြောင့် ကမ်းပါးယံမြေစာနှင့်အတူ လျှောကျသွားပြီး ဒဏ်ရာရခဲ့ရာ ဒဏ်ရာရရှိသူ (၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀၀၀ဝ/-)ကျပ်အား (၁၉-၈-၂၀၂၀)ရက်နေ့၊ (၁၃:၅၅)နာရီအချိန်တွင် တာဝန်ရှိသူ များမှ ဘေးသင့် ပြည်သူထံ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #kcn_aug2020
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၂၀) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အိုးဘိုကျွန်းကျေးရွာအုပ်စု၊ အိုးဘိုကျွန်းကျေးရွာ၊ ရှစ်ကွက်ကျေးရွာ၊ စိန်တိုင်ကျေး ရွာ၊ မြစ်သာကျွန်းကျေးရွာတို့ရှိ ပြည်သူများသို့ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များ၊ မြို့နယ်ပြန်ဆက်ရုံးမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေ ရန်အတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်း … Read more
-
မြစ်ရေကြီးခြင်းသတိပေးချက်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၁၉)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ် ရေသည်မင်းကင်းမြို့တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ မင်းကင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင် သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
မြစ်ရေကြီးမှုအခြေအနေသတင်း
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၁၉)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ် ရေသည် ခန္တီးမြို့တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော် လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ် ရေသည် ဟုမ္မလင်းမြို့တွင် (၂)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် … Read more
-
မြစ်ရေကြီးခြင်းသတိပေးချက်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၁၉)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည် ။ ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ် ရေသည် ရွှေကူမြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ် ရေသည် ကသာမြို့တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၃)ရက်အတွင်း ယင်းမြို့၏ … Read more









