လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၂၀) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အိုးဘိုကျွန်းကျေးရွာအုပ်စု၊ အိုးဘိုကျွန်းကျေးရွာ၊ ရှစ်ကွက်ကျေးရွာ၊ စိန်တိုင်ကျေး ရွာ၊ မြစ်သာကျွန်းကျေးရွာတို့ရှိ ပြည်သူများသို့ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များ၊ မြို့နယ်ပြန်ဆက်ရုံးမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေ ရန်အတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်း ရရှိပါသည်။
#ar
#bgo_aug2020
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)