
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ဆိပ်ကျွန်းကျေးရွာနှင့်မရမ်းကုန်းကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေး နှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ရေဘေးနှင့် မြေပြိုဘေး အန္တရာယ်များ ကြိုတင် ပြင်ဆင်ရေး အသိပညာပေးဟောပြောခြင်းအား အသံချဲ့စက်များဖြင့်လည်းကောင်း ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပြည်သူသို့ အသိပေးနှိုးဆော်ခြင်းအား Handspeaker များဖြင့်လည်းကောင်း အသိပေးနှိုးဆော်ကြေငြာခဲ့ပြီး ဗီနှိုင်းပိုစတာဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#mon_aug2020