ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၂၀) ရက်နေ့တွင် မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ ကောင်းမြတ်သုခကုမ္မဏီလုပ်ကိုင်ခွင့်ရ သက်တမ်းရှိ လုပ်ကွက်အမှတ် (၇၁) လုပ်ကွက်ကျင်း၌ ရေမဆေး ကျောက်ရှာဖွေသူ(၁)ဦးသည် ကမ်းပြိုဘေးကြောင့် ကမ်းပါးယံမြေစာနှင့်အတူ လျှောကျသွားပြီး ဒဏ်ရာရခဲ့ရာ ဒဏ်ရာရရှိသူ (၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀၀၀ဝ/-)ကျပ်အား (၁၉-၈-၂၀၂၀)ရက်နေ့၊ (၁၃:၅၅)နာရီအချိန်တွင် တာဝန်ရှိသူ များမှ ဘေးသင့် ပြည်သူထံ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_rbe
#kcn_aug2020

Sign Up

Upcoming Events