
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၀)ရက်နေ့တွင် ခန္တီးမြို့နယ်၊ မြို့မရပ်ကွက်နှင့် ပေါမိုင်းရပ်ကွက်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ကမ်းဘေး၀ဲယာနှင့် မြေနိမ့်ပိုင်းနေရာများသို့ ရေ၀င်ရောက်ခဲ့ရာပြောင်းရွှေ့ရသည့် စုစုပေါင်းအိမ်ထောင်စု (၅၆) စု၊ လူဦးရေ (၂၆၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၅၀၂၀ဝ/-)ကျပ်၊ ဆပ်ပြာ(၅၆) တောင့်နှင့် နှာခေါင်းစည်း(၂၆၂)ခုတို့အား (၁၉-၈-၂၀၂၀) ရက်နေ့၊ (၁၃:၂၃) နာရီနှင့်(၁၃း၅၈)နာရီအချိန်တို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများဖြင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fld
#sgg_aug2020