Category Archives: News
-
မြစ်ရေကြီးမှုအခြေအနေသတင်း
၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၆)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် မြစ်ရေကြီးမှုအခြေအနေသတင်း ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ် ရေသည် ပခုက္ကူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပါသည်။ အဆို ပါမြစ်ရေသည် လက်ရှိရေမှတ်မှ နောက်(၂) ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ပါသည်။ အကြံပြုချက် သို့ဖြစ်ပါ၍ ပခုက္ကူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူ များအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။ Source: DMH
-
(Covid-19)ရောဂါကာကွယ်ရေးပစ္စည်းများထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀) ရက်နေ့ တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP(camps) (၃) ရပ်ကွက် ကာသိုလိပ်ဘုရားကျောင်း အိမ် ထောင်စု(၃၀) စု၊ လူဦးရေ(၁၃၈) ဦး ၊ ကာလိုင် (၁) အိမ်ထောင်စု (၈၄) စု၊ လူဦးရေ (၄၉၆) ဦး ၊ ကာလိုင် (၂) အိမ်ထောင်စု (၁၇၅) စု၊ လူဦးရေ(၁၁၀၅) စု၊ စုစုပေါင်းအိမ်ထောင်စု (၂၈၉) စု၊ … Read more
-
မြစ်ရေကြီးမှုအခြေအနေသတင်း
၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၆)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် မြစ်ရေကြီးမှုအခြေအနေသတင်းကို ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ် ရေသည် ညောင်ဦးမြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လက်ရှိရေမှတ်မှ နောက် (၂)ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေ မှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ် ရေသည် ဆိပ်သာမြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် … Read more
-
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ရွှေလှေသောင်ကျေးရွာအုပ်စု၊ ပိုက်တန်းကျေးရွာ၌ (၂၅-၈-၂၀၂၀)ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုအန္တရာယ်နှင့် နီးကပ်သည့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ နေအိမ်(၁၂)လုံး၊ အိမ်ထောင်စု(၁၂)စုမှ လူဦးရေ(၄၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၂၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး ရန်ပုံငွေ(၉၀၃၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၂၉၀၃၀၀/-)ကျပ်အား (၂၆-၈-၂၀၂၀) ရက်နေ့၊ (၁၂:၀၀)အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_aug2020 Source: … Read more
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုံရွာမြို့နယ်အုပ် ချုပ်ရေးမှူးတို့နှင့်အတူ (၂၄-၈-၂၀၂၀) ရက်နေ့တွင် ချင်းတွင်းမြစ်ရေရေလျှံမှုကြောင့် ရေဝင် ပြောင်းရွှေ့ခဲ့ရသော စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ဘုမ္မနိုးကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာမှ ရေဝင်ပြောင်းရွှေ့နေအိမ်(၁၃) လုံး၊ အိမ်ထောင်စု (၁၃) စုမှ လူဦးရေ( ၅၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၁၃,၄၀ဝ/-)ကျပ်၊ ဆပ်ပြာ( ၁၃) တောင့်၊ အဝတ် mask( ၅၄) ခုတို့အား (၂၆-၈-၂၀၂၀) ရက်နေ့(၁၀:၀၀) နာရီအချိန်တွင် ဘေးဖြစ်ပွားရာဒေသသို့သွား ရောက် … Read more
-
မြင်းခြံခရိုင်ဦးစီးမှူးရုံး ဆောက်လုပ်ခြင်းလုပ်းငန်း စစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀) ရက်နေ့၊ (၁၁း၁၅) နာရီအချိန် တွင် မြင်းခြံခရိုင်ဦးစီးမှူးရုံး (၆၀’×၄၀’×၂၈’) ပေ RCC(၂)ထပ် သွပ်မိုး၊ ကွန်ကရစ်၊ ကြမ်းခင်း၊ ရေ၊ မီး၊ မိလ္လာအပါအဝင် ဆောက်လုပ်ခြင်းလုပ်ငန်း (၈၀%) ရာခိုင်နှုန်း ပြီးစီးမှု အခြေအနေအား မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ သစ်လွင်ဦးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် တာဝန်ခံများနှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: မြင်းခြံခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀) နေ့ ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာ၊ သပြေသာကျေးရွာ၊ မြိုက်ကျေးရွာနှင့် အုတ်ရှစ်ကန်ကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါ ကူးစက်မှူ ဒုတိယလှိုင်းမဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၉-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်မှ (၁၂:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မရမ်းကုန်းကျေးရွာအုပ်စုအတွင်းရှိ မရမ်းကုန်းကျေးရွာ၊ သပြေမြိုင်ကျေးရွာ၊ ကံကြီးပိုင်းကျေးရွာ၊ ပိုင်ဒံကြီးကျေးရွာ၊ ပိုင်ဒံလေးကျေးရွာ၊ ကွက်သစ်ကျေးရွာ၊ တောင်ကလေးကျေးရွာ၊ရာဘာခြံကျေးရွာ၊ ငါးဘတ်ချောင်ကျေးရွာ၊ တံတားဦးကျေးရွာနှင့် ရွာတန်းရှည်ကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
Covid-19ကူးစက်ရောဂါနှင့် စပ်လျဉ်း၍အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်ထိ ကျွန်းလှမြို့နယ်၊ ကျွန်းလှမြို့ပေါ်ရှိ ရပ်ကွက်များသို့ မိဘပြည်သူများ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် သိရှိပြီး လိုက်နာဆောင်ရွက်ရန်များကို ကျွန်းလှမြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်၊၊ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_aug2020
-
လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၂၀) ရက်နေ့တွင် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ငါးကြီးဂရက်ကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာ၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီး နေအိမ်(၁၃)လုံး၊ အိမ်ထောင်စု(၁၃)စုမှ လူဦးရေ(၅၆)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၅၂၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး ရန်ပုံငွေ (၁၁၇၆၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၆၃၇၆၀၀/-)ကျပ်အား (၂၆-၈-၂၀၂၀)ရက်နေ့၊ (၁၁:၁၅)နာရီ အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_aug2020 … Read more









