(Covid-19)ရောဂါကာကွယ်ရေးပစ္စည်းများထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀) ရက်နေ့ တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP(camps) (၃) ရပ်ကွက် ကာသိုလိပ်ဘုရားကျောင်း အိမ် ထောင်စု(၃၀) စု၊ လူဦးရေ(၁၃၈) ဦး ၊ ကာလိုင် (၁) အိမ်ထောင်စု (၈၄) စု၊ လူဦးရေ (၄၉၆) ဦး ၊ ကာလိုင် (၂) အိမ်ထောင်စု (၁၇၅) စု၊ လူဦးရေ(၁၁၀၅) စု၊ စုစုပေါင်းအိမ်ထောင်စု (၂၈၉) စု၊ လူဦးရေ(၁၇၃၉) ဦးအတွက် စခန်း (၁) ခုလျှင် ထုံး (၁၀) အိတ်နှုန်း၊ လူတစ်ဦးလျှင်ဆပ်ပြာ(၁) တောင့်နှုန်းဖြင့် စုစုပေါင်းထုံး (၃၀) အိတ်၊ လက်ဆေးဆပ်ပြာ (၁၇၃၉) တောင့်တို့ကို ထောက်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#shn_aug2020
Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events