Category Archives: News
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇/၃၀-၈-၂၀၂၀)ရက်နေ့၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် သရက်မြို့နယ်၊ ရေပေါ်ကျွန်းကျေးရွာအုပ်စု၊ ရေပေါ်ကျွန်းကျေးရွာနှင့် စမ်းအိုင့်ကျေးရွာအုပ်စု၊ စမ်းအိုင့်ကျေးရွာတို့တွင် လူနေအိမ် (၁၄)လုံး၊ အိမ်ထောင်စု (၁၄)စု၊ လူဦးရေ (၄၈) ဦး ပြောင်းရွှေ့ခဲ့ရပြီး အဆိုပါ ရေဘေးသင့်ပြောင်းရွှေ့ပြည်သူများအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၀၀၈၀၀) အား (၁.၉.၂၀၂၀) ရက်နေ့၊ နေ့လည် (၁၅:၃၀)အချိန်တွင် သရက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁-၉-၂၀၂၀) ရက်နေ့တွင် လားရှိုးမြို့၊ ဟိုပိတ်ကျေးရွာအုပ်စု၊ ဟိုပိတ်ကျေးရွာနှင့် ကုန်းဆာကျေးရွာတို့၌ Covid-19 ကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများလိုက်နာရမည့်ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို ဆောင်ရွက်ခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းနှင့် Hand Gel များဖြင့် လက်သန့်စင်ပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ Covid-19 စီးပွားရေးကုစားမှုအစီအစဥ် (COVID-9 Economic Relief Plan-CERP)အရ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ စေတီတောင်ကျေးရွာဘုန်းကြီးကျောင်းစုရပ်မှ အိမ်ထောင်စု (၆၂၄)စု၊ လူဦးရေ (၂၄၁၀) ဦး၊ သေကံခွဆုံကျေးရွာဘုန်းကြီးကျောင်းစုရပ်မှ အိမ်ထောင်စု (၃၁၀) စု၊ လူဦးရေ (၁၃၄၁)ဦး၊ ဒုံးသိမ်ဓမ္မာရုံစုရပ်မှ အိမ်ထောင်စု (၁၁)စု၊ လူဦးရေ (၆၅) ဦး၊ ရန်အောင်မြေဘုန်းကြီးကျောင်းစုရပ်မှ အိမ်ထောင်စု( ၁၇၁)စု၊ လူဦးရေ (၆၄၉) ဦး၊ လမ်းမဘုန်းကြီးကျောင်းစုရပ်မှ အိမ်ထောင်စု (၅၅၄) စု၊ … Read more
-
Covid-19ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့တွင် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ မိုးမိတ်မြို့နယ်၊ မန်ကျည်းပင်ကျေးရွာ၊ ပသင်ကျေးရွာ၊ ကြိမ်တောကျေးရွာ၊ ဆည်ဦးကျေးရွာနှင့် ရေတံခွန်ကျေးရွာတို့တွင် Covid-19 ရောဂါ ကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများနေထိုင်ရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးဟောပြောခြင်း၊ အခြားသောသဘာဝဘေးများနှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များကို ကျေးရွာနေပြည်သူတို့အား အသိပညာပေးအစီအစဉ်ကို အသံချဲ့စက် အသုံးပြု၍ ဟောပြောခြင်း၊ နှာခေါင်းစည်း (Mask) များ ဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင် များ ဖြန့်ဝေခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း … Read more
-
Covid-19 ကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်ရှိ မြို့သစ်ရပ်ကွက်၊ တောင်ရပ်ကွက်၊ မြောက်ရပ်ကွက် ၊အနောက်ရပ်ကွက်၊ ခြေတော်ရာကျေးရွာ၊ ကော့မှူးကျေးရွာ၊ ကူးတို့ကုန်းကျေးရွာ၊ လှေတင်ဦးကျေးရွာ၊ ဖွားစောကျေးရွာ၊ နဘက်ကျေးရွာ၊ ကင်းကျေးရွာ၊ အုတ်နှဲဘုတ်ကျေးရွာ ၊ ပရိမ္မကျေးရွာ၊ မန်ကျီးဘုတ်ကျေးရွာတို့ရှိ မိဘပြည်သူများအား Covid-19 အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_Sep2020 Source – စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ယာယီကမ်းထိန်းနံရံပြုလုပ်ရန်အတွက် ပီနံအိတ်ခွံများ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျသည့် ယင်းဘိုးကျေးရွာ၊ အုန်းပင်ဆိပ်ကျေးရွာ၊ ကနဲကျေးရွာ ညောင်လှကျေးရွာတို့တွင် ယာယီကမ်းထိန်းနံရံပြုလုပ်ရန်အတွက် ပီနံအိတ်ခွံ (၄၀၀၀) ခန့်အား မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၃၁-၈-၂၀၂၀) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_sep2020 Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့တွင် COVID-19 ကူးစက်ရောဂါ ဒုတိယလှိုင်းမဖြစ်ပေါ်စေရေးအတွက် အသိပညာပေး ခြင်းလုပ်ငန်းအား ပန်းသာကျေးရွာ၊ ဝဲဒေါင့်ကျေးရွာ၊ သရက်ကုန်း၊ အောင်ချမ်းသာကျေးရွာ၊ ကုန်းဝါးရုံသာကျေးရွာစသည့် ကျေးရွာတို့တွင် အသိပညာပေးလှည့်လည်နှိုးဆော်ခဲ့ပြီး သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_sep2020
-
lDP စခန်းများ၌ (Covid-19) ရောဂါကာကွယ်ရေးနှင့်ပက်သက်ပြီး လက်ဆေးဆပ်ပြာနှင့် ထုံးအိတ်များထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP(camps) မိုင်းယုလေး၌ အိမ်ထောင်စု (၇၇) စု၊ လူဦးရေ (၃၈၉) ဦး၊ မိုင်းယု(ကုန်စုံ)၌ အိမ်ထောင်စု (၈၂) စု၊ လူဦးရေ (၄၂၄) ဦးနှင့် အမှတ် (၆) ရပ်ကွက် မူကြိုကျောင်း၌ အိမ်ထောင်စု (၃၈) စု၊ လူဦးရေ (၁၈၇) ဦး၊ စုစုပေါင်း အိမ်ထောင်စု (၁၉၇) စု၊ လူဦးရေ (၁,၀၀၀) … Read more
-
ရခိုင်ပြည်နယ်အတွင်း COVID – 19 လုပ်ငန်းစဉ်များတွင် ပါဝင်ကြသည့် ဒေသခံစေတနာ့ ဝန်ထမ်းများအတွက် စေတနာ့ဝန်ထမ်း (ဆင့်ပွား) သင်တန်း (Online Training) ပို့ချ
~~~~~~ Source: MOSWRR ~~~~~~ စက်တင်ဘာ ၁ ၊ နေပြည်တော် ~~~~~~ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၏ အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်အတွင်း COVID – 19 လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ကြသည့် ဒေသခံစေတနာ့ဝန်ထမ်းများအတွက် စေတနာ့ဝန်ထမ်း (ဆင့်ပွား) သင်တန်း (Online Training) သင်ကြားခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့ပူးပေါင်း၍ (၁-၉-၂၀၂၀) ရက်နေ့တွင် ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းကို စေတနာ့ဝန်ထမ်းသင်တန်းလက်စွဲစာအုပ်ပါ လမ်းညွှန်ချက်များအတိုင်း ဆွေးနွေးသင်ကြားခြင်းဖြစ်ပြီး စစ်တွေမြို့က … Read more
-
Covid-19 ကူးစက်မှု (ဒုတိယလှိုင်း) မဖြစ်ပွားစေရန် အသိပညာပေးဆောင်ရွက်ခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ၊ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ သံတံတားရပ်ကွက်၊ ကျွန်းတော(မြောက်)ရပ်ကွက်၊ ရှင်စောပုရပ်ကွက်၊ ကျွန်းတော(တောင်)ရပ်ကွက်၊ စမ်းချောင်း(တောင်)ရပ်ကွက်၊ ဝေဠုဝန်(တောင်)ရပ်ကွက်၊ စမ်းချောင်း(မြောက်)ရပ်ကွက်များတွင် Covid-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း မပေါ်ပေါက်စေရေးနှင့် ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောပြည်သူသို့ အသိပေးပန်ကြား ချက်များနှင့် မုန်တိုင်းဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါအချက်အလက်များ ၊သဘာဝဘေးအသိပညာပေးခြင်းများအား အရာထမ်းအမှုထမ်းများမှ ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_Sep2020 … Read more









