Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁-၉-၂၀၂၀) ရက်နေ့တွင် လားရှိုးမြို့၊ ဟိုပိတ်ကျေးရွာအုပ်စု၊ ဟိုပိတ်ကျေးရွာနှင့် ကုန်းဆာကျေးရွာတို့၌ Covid-19 ကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများလိုက်နာရမည့်ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို ဆောင်ရွက်ခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းနှင့် Hand Gel များဖြင့် လက်သန့်စင်ပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_sep2020
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events