ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ Covid-19 စီးပွားရေးကုစားမှုအစီအစဥ် (COVID-9 Economic Relief Plan-CERP)အရ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ စေတီတောင်ကျေးရွာဘုန်းကြီးကျောင်းစုရပ်မှ အိမ်ထောင်စု (၆၂၄)စု၊ လူဦးရေ (၂၄၁၀) ဦး၊ သေကံခွဆုံကျေးရွာဘုန်းကြီးကျောင်းစုရပ်မှ အိမ်ထောင်စု (၃၁၀) စု၊ လူဦးရေ (၁၃၄၁)ဦး၊ ဒုံးသိမ်ဓမ္မာရုံစုရပ်မှ အိမ်ထောင်စု (၁၁)စု၊ လူဦးရေ (၆၅) ဦး၊ ရန်အောင်မြေဘုန်းကြီးကျောင်းစုရပ်မှ အိမ်ထောင်စု( ၁၇၁)စု၊ လူဦးရေ (၆၄၉) ဦး၊ လမ်းမဘုန်းကြီးကျောင်းစုရပ်မှ အိမ်ထောင်စု (၅၅၄) စု၊ လူဦးရေ (၂၃၉၅) ဦး၊ ဂန္ဓာရီတောရပရဟိတဘုန်းကြီးကျောင်းစုရပ်မှ အိမ်ထောင်စု (၆၉)စု၊ လူဦးရေ (၃၅၇) ဦး၊ မြတောင်ဘုန်းကြီးကျောင်းစုရပ်မှ အိမ်ထောင်စု (၂၀၅) စု၊ လူဦးရေ (၁၀၅၉) ဦး၊ မြောင်းနားကျေးရွာစုရပ်မှ အိမ်ထောင်စု( ၈၂ )စု၊ လူဦးရေ( ၄၂၄) ဦး၊ အောင်ပ (ဘင်္ဂလီ)​ရွာစုရပ်မှ အိမ်ထောင်စု (၂၅ စု) လူဦးရေ (၁၁၈) ဦး၊ စုစုပေါင်း စုရပ် (၉)ခု မှ အိမ်ထောင်စု (၂၀၅၁) စု၊ လူဦးရေ (၈၈၁၈)ဦးတို့အတွက် အိမ်ထောင်စု (၁)စု လျှင် (၄၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၈၂၁၄၀၀၀၀ ) ကျပ်အား (၁.၉.၂၀၂၀)ရက်တွင် ဘူးသီးတောင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်အတူ ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#rke_sep2020

Source:                         မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events