ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ​(၂၇/၃၀-၈-၂၀၂၀)ရက်နေ့၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် သရက်​မြို့နယ်၊​ ရေ​ပေါ်ကျွန်း​ကျေးရွာအုပ်စု၊ ​ရေပေါ်ကျွန်း​ကျေးရွာနှင့် စမ်းအိုင့်ကျေးရွာအုပ်စု၊ စမ်းအိုင့်ကျေးရွာတို့တွင် လူနေအိမ် (၁၄)လုံး၊ အိမ်ထောင်စု (၁၄)စု၊ လူဦးရေ (၄၈) ဦး ပြောင်းရွှေ့ခဲ့ရပြီး အဆိုပါ ရေဘေးသင့်ပြောင်းရွှေ့ပြည်သူများအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၀၀၈၀၀) အား (၁.၉.၂၀၂၀) ရက်​နေ့၊ နေ့လည် (၁၅:၃၀)အချိန်တွင် သရက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_fld

#mgy_sep2020

Source:                         သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events