Category Archives: News
-
KBZဘဏ်အနာဂတ်အလင်းတန်းဖောင်ဒေးရှင်းမှ ချင်းပြည်နယ်ဒေသအတွင်း ဘေးသင့်ပြည်သူများအတွက် လိုအပ်သည်များကူညီပံ့ပိုးပေးနိုင်ရန် အလှူငွေသိန်း(၁၀၀၀)ပေးအပ်လှူဒါန်းခြင်းအခမ်းအနား
(၂၀-၆-၂၀၁၆ )ရက်နေ့၊ချင်းပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမတွင် KBZဘဏ်အနာဂတ်အလင်းတန်းဖောင်ဒေးရှင်းမှချင်းပြည်နယ်ဒေသအတွင်း ဘေးသင့်ပြည်သူများအတွက် လိုအပ်သည်များကူညီပံ့ပိုးပေးနိုင်ရန် အလှူငွေသိန်း(၁၀၀၀)ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကျင်းပခဲ့ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က အဖွင့်အမှာ စကားပြောကြားပြီး၊ KBZဘဏ်အုပ်စုကုပ္မဏီလီမိတက်မှ အရည်အသွေးစစ်ဆေးရေးအရာရှိ ဦးရဲသွေးဦးက ဒေသတွင်း သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလိုအပ်ချက်များဆောင်ရွက်နိုင်ရေးအတွက်အလှူငွေသိန်း(၁၀၀၀)လှူဒါန်းရခြင်းအကြောင်း ဆွေးနွေးခဲ့ပြီး၊ KBZဘဏ် ဦးရဲသွေးဦးမှ အလှူငွေပေးအပ်၍ ချင်းပြည်နယ်ဝန်ကြီးချုပ်မှလက်ခံပြီးဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကာ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော် က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အ.ထ.က (၅) ပညာတံခွန်ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး၊ ပြည်မြို့ အ.ထ.က (၅) ပညာတံခွန်ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ပွဲကို (၂၀-၆-၂၀၁၆) ရက်နေ့တွင် ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ဦးရေ (၃၀၀) ကျော် တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းသူရိယခန်းမတွင် ရက် (၁၀၀) စီမံချက်အရဆောင်ရွက်သည့် သဘာဝဘေးအန္တရာယ်လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းဖွင့်ပွဲကို (၂၀-၆-၂၀၁၆) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ရာ လူဦးရေ (၃၀) ဦး တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။
-
ကျောက်ဖြူမြို့နယ်၊ တောင်ရင်းကျေးရွာအုပ်စု၊ စေတီယျကျေးရွာရှိ အခြေခံပညာ အလကခွဲကျောင်း၌ သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှု သတင်း
(၁၈-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ဖြူမြို့နယ်၊ တောင်ရင်း ကျေးရွာအုပ်စု၊ စေတီယျကျေးရွာရှိ အခြေခံပညာအလကခွဲ ကျောင်း၌ သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက် သူအင်အား (၁၂၀) ဦးခန့်ရှိပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ဒေါင့်ကြီးကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၁၈-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ဒေါင့်ကြီးကျေးရွာတွင် သဘာဝဘေး လျော့ပါးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဒေါင့်ကြီးကျေးရွာနှင့် အုတ်ဖိုကျေးရွာ များမှ ကျေးရွာ ပြည်သူလူထု (၈၁) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျွန်းလျားကြီး ကျေးရွာအုပ်စု၊ သဲဖြူကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေး ပစ္စည်း၊ ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့မှုသတင်း
(၁၇-၆-၂၀၁၆) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်း မြို့နယ်၊ ကျွန်းလျားကြီးကျေးရွာအုပ်စု၊ သဲဖြူကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၅၀,၀၀၀) ကျပ်၊ အမိုး/အကာပျက်စီးခဲ့သည့် နေအိမ် (၁၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုး (၃၀၀,၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၈၂) ဦးအတွက် ဆန်ရိက္ခာ (၃) ရက်စာ ထောက်ပံ့ငွေ(၇၃,၈၀၀) ကျပ်၊ စုစုပေါင်း … Read more
-
ကိုရီးယားသမ္မတနိုင်ငံတွင် ဇွန်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့သည့် အာရှ-ဥရောပ သက်ကြီးရွယ်အို လူ့အခွင့်အရေးဆိုင်ရာ အဆင့်မြင့် ပုဂ္ဂိုလ်များ ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ဆွေးနွေး အမှာစကား ပြောကြားခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ Four Seasons Hotel တွင် ဇွန်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့သည့် အာရှ-ဥရောပ သက်ကြီးရွယ်အိုများ လူ့အခွင့်အရေးဆိုင်ရာအဆင့်မြင့်ပုဂ္ဂိုလ်များ ဆွေးနွေးပွဲဖိုရမ်သို့တက်ရောက်ပြီး သက်ကြီးရွယ်အို များဆင်းရဲမှုလျော့ချရေး၊ ကျန်းမာရေးမြင့်တင်ရေး၊ သက်ကြီးရွယ်အိုဆိုင်ရာ အခွင့်အရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စံ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ ကို အာရှ-ဥရောပ ASEM အဖွဲ့ဝင်နိုင်ငံများမှ တက်ရောက်လာကြသည့်အဆင့်မြင့်ပုဂ္ဂိုလ်များ၊ ကျွမ်းကျင်သူ များနှင့် ဆွေးနွေးဖလှယ်ခဲ့ပြီး ဖိုရမ်ပိတ်ပွဲအခမ်းအနားတွင် … Read more
-
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဂဏန်းပြင်ကျေးရွာ မြေပြိုဘေးသင့်ပြည်သူများနှင့် ရေနစ်သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ပေးမှုသတင်း
(၁၀-၆-၂၀၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဂဏန်းပြင်ကျေးရွာ၌ မြေပြိုမှုဖြစ်ပွားခဲ့ရာ နေအိမ် (၂) လုံးပြိုကျခဲ့သည့်အတွက် ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ အဆိုပါပြိုကျအိမ်ခြေ (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၁၀၀၀၀၀) အိမ်ခြေ (၂) လုံးစာနှင့် ဆန်ရိက္ခာဘိုးငွေကျပ် (၄၅၀၀) ကျပ်တို့ကိုလည်းကောင်း၊ သလူးမော်ကျေးရွာ၌ (၆-၆-၂၀၁၆) ရက်နေ့တွင် ရေနစ်သေဆုံးသည့်ကလေးတစ်ဦးအတွက် ထောက်ပံ့ငွေကျပ် (၁၀၀၀၀၀)၊ ထောက်ပံ့ငွေစုစုပေါင်း (၂၀၄၅၀၀) ကျပ်တိတိအား အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံသို့ (၁၇-၆-၂၀၁၆) … Read more
-
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီဥက္ကဌ၊ အတွင်းရေးမှူး၊ လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ တောင်ဒဂုံမြို့နယ်မှ လေပြင်းတိုက်ခတ်ခံ ပြည်သူများအား ထောက်ပံ့မှုသတင်း
၁၇-၆-၂၀၁၆ ရက်နေ့ နံနက်ပိုင်းတွင် တောင်ဒဂုံမြို့နယ် ၊ မြိုင်တန်းသာ (၁) လမ်းတွင် (၂၄-၅-၂၀၁၆) ရက်နေ့တိုက်ခတ်ခဲ့ သည့် လေပြင်းကြောင့် လူနေအိမ် (၁) လုံးပြိုလဲကာ (၈) လုံး အမိုးလန်ပျက်စီးပြီး လူဦးရေ (၄၆) ဦး ဘေးဒဏ်သင့်ခဲ့ပါသည် ။ အဆိုပါသတင်းအား မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့သာတင်ပြပြီး မိမိဌာနသို့ အကြောင်းကြားခြင်း ၊ ကယ်ဆယ်ရေးပစ္စည်းများတောင်းခံခြင်း များမရှိခဲ့၍ အချိန်မီ ထောက်ပံ့မှု ပြုလုပ်နိုင်ခြင်းမရှိခဲ့ပေ။ သို့သော်လည်း လွှတ်တော် ကော်မတီနှင့်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်တို့ မှ ထောက်ပံ့နိုင်ရေးညှိနှိုင်းမှုအရ ရုံးချုပ်သို့လည်း … Read more
-
Unicef , UNHCR ,WFP နှင့် MRCS အဖွဲ့များ Warehouse Management Training ပြုလုပ်ရန်အတွက် ကျိုက်ဝိုင်းသိုလှောင်ရုံနှင့် UN အဖွဲ့အစည်းများ၏ သိုလှောင်ရုံများအား ကွင်းဆင်းလေ့လာမှုသတင်း
(၁၆-၆-၂၀၁၆) ရက်နေ့ နံနက်ပိုင်းတွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန နှင့် Unicef ,WFP ,UNHCR ,MRCS တို့ပူးပေါင်း၍ ဇူလိုင်လတွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး ၊ RCC ခန်းမတွင် ဖွင့်လှစ်မည့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဝန်ထမ်းများအတွက် Warehouse Management Training သင်တန်းဖွင့်လှစ်ရန် သက်ဆိုင်ရာဌာန ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသိုလှောင်ရုံနှင့် ဗဟိုသိုလှောင်ရုံ (ရန်ကုန် )၊ လှိုင်သာယာမြို့နယ်ရှိ WFP သိုလှောင်ရုံ နှင့် Unicef သိုလှောင်ရုံ ၊ ရွှေပြည်သာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုံရှိ … Read more









