Category Archives: News
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး၊ရွှေတောင်မြို့နယ် နှင့်ရှိ ရေဘေးသင့်ပြည်သူများထံသွားရောက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းထိန် ကျော်နှင့် အဖွဲ့သည် (၄-၈-၂၀၁၆)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ ရပ်ကွက်(၇)ခု၊ ကျေးရွာအုပ်စု (၁၁)ခုမှ ရေဘေးသင့် အိမ်ထောင်စု (၄၇၉)စု၊ လူဦးရေ (၁၅၅၂) ဦးအတွက် ဆန်ရိက္ခာ ဖိုး ထောက်ပံ့ငွေနှင့် ငါးသေတ္တာဖိုး ထောက်ပံ့ငွေ စုစုပေါင်း (၁၇၆၇၅၄၆)ကျပ်အား သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ရှိ မြို့နယ် (၃) မြို့နယ်အတွင်း မြစ်ရေမြင့်တက်မှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်ကြသည့် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုအခြေအနေသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်နှင့် ဟင်္သာတမြို့နယ်များအတွင်း မြစ်ရေမြင့်တက်မှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်ကြရသည့် ဘေးသင့်အိမ်ထောင်စု (၅၃၂) စုမှ လူဦးရေ (၂၀၃၈) ဦးအတွက် ဟင်္သာတခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိရာ (၁-၈-၂၀၁၆) ရက်နေ့မှ (၃-၈-၂၀၁၆) ရက်နေ့ထိ ဆန်ရိက္ခာဖိုးငွေစုစုပေါင်း (၁,၈၃၄,၂၀၀) ကျပ်တိတိနှင့် စုစုပေါင်းတန်ဖိုးငွေ (၇၁၁,၀၀၀) ကျပ်တိတိရှိ ရေသန့်ဗူးများအား ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှု သတင်း
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်အတွင်း ရေဘေးသင့်အိမ်ထောင်စု (၁၃၆၇) စုမှ လူဦးရေ (၃၆၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၂၅၃၅၀၀/-) ကျပ်အား မြို့နယ်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် (၃-၈-၂၀၁၆) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူ စုစုပေါင်း (၆၅၆၀) ဦးအတွက် ဆန်ဖိုးငွေ (၃၁၀၇၇၀၀/-) ကျပ်အား (၃-၈-၂၀၁၆) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၃.၈.၂၀၁၆) ရက်နေ့အထိ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ ရေဘေးဖြစ်ပွားမှုကြောင့် ဘေးဒုက္ခခံစားနေကြရသော ပြည်သူများထံသို့ ထောက်ပံ့ပေးမှုအခြေအနေ
မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ (၃-၈၂၀၁၆)ရက်နေ့ နေ့လည်(၁၂:၃၀)နာရီ အချိန် တိုင်းထွာချက်များအရဧရာ၀တီမြစ်ရေသည် ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့နယ်များ၏စိုးရိမ်ရေမှတ်အထက်တွင်လည်းကောင်း၊ ဒုဌ၀တီမြစ်ရေသည် မြစ်ငယ်မြို့၏ စိုးရိမ်ရေမှတ်အထက်တွင်လည်းကောင်း၊ ချင်းတွင်းမြစ်ရေသည် မော်လိုက်၊ ကလေး၀၊ မင်းကင်း၊ ကနီ၊ မုံရွာ မြို့နယ်များ၏ စိုးရိမ်ရေမှတ်အထက်တွင်လည်းကောင်း၊ င၀န်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၏စိုးရိမ်ရေမှတ်အထက်တွင်လည်းကောင်း ဆက်လက်တည်ရှိနေ ပါသည်။ အဆိုပါမြစ်ရေတက်မှုများကြောင့် မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိပြီး ပြည်သူများအားဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးမှုများပြုလုပ်ထားပြီး လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးဆောင်၍ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား Norwegian People’s Aid အဖွဲ့အစည်းနှင့် Thales Thailand Ltd တို့မှ လာရောက်တွေ့ဆုံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ သြဂုတ်လ ၃ ရက်နေ့၊ မွန်းလွဲ (၃း၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား Norwegian People’s Aid အဖွဲ့အစည်းမှ စီမံချက်မန်နေဂျာ ဖြစ်သူ Ms.Melissa Andersson ဦးဆောင်သည့် အဖွဲ့ဝင်များလာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ မိုင်းအန္တရာယ်လုပ်ငန်းကော်မတီအနေဖြင့် အစိုးရမဟုတ်သောအဖွဲ့ အစည်း များဖြစ်သည့် MAG အဖွဲ့အစည်း၊ Halo Trast အဖွဲ့အစည်း၊ Norwegian People’s Aid အဖွဲ့ အစည်းတို့ဖြင့် ဖွဲ့စည်းထားပါကြောင်း၊ မိုင်းအန္တရာယ်အသိပေး … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှု သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် အမှတ် (၆) ရပ်ကွက်နှင့် ရွှေကျင်အုပ်စု တို့တွင် (၃၁-၇-၂၀၁၆) ရက်မှ (၁-၈-၂၀၁၆) ရက်နေ့အတွင်း ရေကြီးမှုများဖြစ်ပေါ်ခဲ့ရာ ရေဘေး စခန်းများသို့ ပြောင်းရွှေ့ပေးခဲ့ရသော စုစုပေါင်း ဘေးသင့်အိမ်ထောင်စု (၃၃) စုမှ လူဦးရေ (၁၂၅) ဦးအတွက် ရေသန့် (၆) ဘူးပါ (၃၃) ကဒ် နှင့် ဆန်ရိက္ခာဖိုးငွေ (၁၁၂၅၀၀/-) ကျပ်တို့အား (၁-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ရေဘေးသင့်ဒေသများသို့ ထောက်ပံ့ရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်း
၁။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးသည် မကွေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာ၀န်ရှိသူများ နှင့်အတူ (၂-၈-၂၀၁၆) ရက် နေ့တွင် ဧရာ၀တီမြစ်ရေ မြင့်တက်ပြီး ရေ၀င်ရောက် သဖြင့် ရေလွတ်ရာနေရာ များ သို့ ယာယီ ရွှေ့ပြောင်းထားရ သော မင်းဘူးမြို့နယ်နှင့် ပွင့် ဖြူမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာများမှ ဒေသခံပြည်သူ များအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား … Read more
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ သရက်ပင်ကျေးရွာ မိုးကြိုးဘေးအတွက် ထောက်ပံ့ပေးမှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ သရက်ပင်ကျေးရွာ၌ (၂၉-၇-၂၀၁၆) ရက်နေ့တွင် မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သည့် ဘေးသင့်သူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၁) သိန်းကျပ်တိတိအား (၂-၈-၂၀၁၆) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေနေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဦးစီးမှူးက ၄င်း၏ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေနေပြည်တော်တိုင်းဦးစီးမှူရုံး (ကဆရ)









