ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှု သတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် အမှတ် (၆) ရပ်ကွက်နှင့် ရွှေကျင်အုပ်စု တို့တွင် (၃၁-၇-၂၀၁၆) ရက်မှ (၁-၈-၂၀၁၆) ရက်နေ့အတွင်း  ရေကြီးမှုများဖြစ်ပေါ်ခဲ့ရာ ရေဘေး စခန်းများသို့ ပြောင်းရွှေ့ပေးခဲ့ရသော စုစုပေါင်း ဘေးသင့်အိမ်ထောင်စု (၃၃) စုမှ လူဦးရေ (၁၂၅) ဦးအတွက် ရေသန့် (၆) ဘူးပါ (၃၃) ကဒ် နှင့် ဆန်ရိက္ခာဖိုးငွေ (၁၁၂၅၀၀/-) ကျပ်တို့အား (၁-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events