၁။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးသည် မကွေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာ၀န်ရှိသူများ နှင့်အတူ (၂-၈-၂၀၁၆) ရက် နေ့တွင် ဧရာ၀တီမြစ်ရေ မြင့်တက်ပြီး ရေ၀င်ရောက် သဖြင့် ရေလွတ်ရာနေရာ များ သို့ ယာယီ ရွှေ့ပြောင်းထားရ သော မင်းဘူးမြို့နယ်နှင့် ပွင့် ဖြူမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာများမှ ဒေသခံပြည်သူ များအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားကာ ဆန်၊ ငါး သေတ္တာ၊ ကယ်ဆယ်ရေး ပစ္စည်း(၄)မျိုး နှင့် ဆန်ဖိုး ရန်ပုံငွေများ ထောက်ပံ့ပေး အပ်ခဲ့ပါသည်။
၂။ နံနက်ပိုင်းတွင် မင်းဘူးမြို့၊ မှန်ကင်းဘုန်း တော်ကြီး ကျောင်းသို့ ရောက် ရှိပြီး ပြည်ထောင်စု၀န်ကြီးနှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ် တို့မှ ရေဘေးသင့်ပြည်သူများ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားကာ မြို့နယ်အတွင်းရှိ ရေဘေးသင့် အိမ်ထောင်စု(၇၈၄)စုမှ လူဦးရေ(၃၁၀၇) ဦးအတွက် ၀န်ကြီးဌာနမှထောက်ပံ့သော ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ ဆန်၊ ငါးသေတ္တာ နှင့် ဆန်ဖိုး ထောက်ပံ့ငွေ (၂၇,၉၆,၃၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ ပါသည်။
၃။ ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် လယ်ကိုင်းတိုက်နယ်၊ ကံဆွယ်ကျေးရွာ မူလတန်းလွန်ကျောင်းသို့ရောက်ရှိပြီး ရေဘေးသင့်အိမ်ထောင်စု(၈၂)စုမှ လူဦးရေ(၂၀၀)ဦးအတွက် ၀န်ကြီးဌာနမှထောက်ပံ့သော ဆန်ဖိုးနှင့် ငါးသေတ္တာဖိုးထောက်ပံ့ငွေ(၄,၄၃,၈၀၀)ကျပ် နှင့် မီးဖွားပြီး စမိခင်နှင့် ကလေးအတွက်ထောက်ပံ့ငွေ(၂၀,၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
၄။ ယင်းနောက် ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်း-သံကိုင်းလမ်းမကြီးပေါ်တွင် ယာယီရွှေ့ပြောင်း နေထိုင်ကြသော ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး အိမ်ထောင်စု(၂၈၅)စုမှ လူဦးရေ(၉၂၄)ဦးအတွက် ၀န်ကြီးဌာနမှထောက်ပံ့သော ဆန်ဖိုးနှင့် ငါးသေတ္တာဖိုးထောက်ပံ့ငွေ(၁၉,၁၉,၇၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးအား ထောက်ပံ့ပေးအပ်ကာ ရေလွတ်ရာနေရာများသို့ ယာယီရွှေ့ပြောင်းပေးရေးဆောင်ရွက်ပေးနေသော တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့၀င်များနှင့်အတူ ရေနစ်မြုပ်လျှက်ရှိသည့် သံကိုင်းကျေးရွာအား စက်လှေများဖြင့် သွားရောက်ကြည့်ရှုခဲ့ပါသည်။
၅။ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ မင်းဘူး မြို့နယ်၊ အမှတ်(၃)၊ အမှတ်(၄)ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများ သောက်သုံးရေရရှိရေး ဆောင်ရွက်နိုင်ရန် တာပေါ်လင်စများ၊ ရေသန့်ဆေးပြားများအား ပြည်ထောင်စု၀န်ကြီးမှ တိုင်းဒေသကြီး၀န်ကြီးချုပ်သို့ လွှဲပြောင်းပေးအပ်ကာ စာရင်းထပ်မံတိုးလာသည့် ရေဘေးသင့် ပြည်သူများအား ဆက်လက်ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါ ခရီးစဉ် အတွင်း Fedwell Company Lt.d မှ အာဟာရမှုန့်များအား လှူဒါန်းပေးအပ်ခဲ့ပါသည်။
၆။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန အနေဖြင့် တိုင်းဒေသကြီးအသီးသီးတွင် လတ်တလောဖြစ်ပွားလျှက်ရှိသည့် ရေဘေးသင့်ဒေသများမှ ဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျှက်ရှိပါ ကြောင်း သတင်းရရှိပါသည်။