လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား Norwegian People’s Aid အဖွဲ့အစည်းနှင့် Thales Thailand Ltd တို့မှ လာရောက်တွေ့ဆုံမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ သြဂုတ်လ ၃ ရက်နေ့၊ မွန်းလွဲ (၃း၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား Norwegian  People’s Aid အဖွဲ့အစည်းမှ စီမံချက်မန်နေဂျာ ဖြစ်သူ Ms.Melissa Andersson ဦးဆောင်သည့် အဖွဲ့ဝင်များလာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာ၌ မိုင်းအန္တရာယ်လုပ်ငန်းကော်မတီအနေဖြင့် အစိုးရမဟုတ်သောအဖွဲ့ အစည်း များဖြစ်သည့် MAG အဖွဲ့အစည်း၊ Halo Trast အဖွဲ့အစည်း၊ Norwegian  People’s Aid အဖွဲ့ အစည်းတို့ဖြင့် ဖွဲ့စည်းထားပါကြောင်း၊ မိုင်းအန္တရာယ်အသိပေး လုပ်ငန်းများရှေ့ဆက်လက်ဆောင် ရွက်နိုင်ရေး၊ လုပ်ငန်းစီမံကိန်းရေးဆွဲရာတွင်ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်ထောင်စုအစိုးရအဖွဲ့မှ ဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှတဆင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများဆောင် ရွက်နိုင်မည့်နည်းလမ်းများ ဖော်ထုတ်ရေးနှင့် ရှေ့ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များ ကို  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အလားတူ မွန်းလွဲ (၄း၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား Thales Thailand Ltd မှ Director of VP Business Development Myanmar ဖြစ်သူ Mr. Ronald Massard  မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ သတင်းအချက်အလက်စီမံခန့်ခွဲမှုနှင့် အဆင့်မြင့်နည်းပညာများ အသုံးပြုမှုဆိုင်ရာကိစ္စ ရပ်များ၊ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်သော ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

Sign Up

Upcoming Events