ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်နှင့် ဟင်္သာတမြို့နယ်များအတွင်း မြစ်ရေမြင့်တက်မှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်ကြရသည့် ဘေးသင့်အိမ်ထောင်စု (၅၃၂) စုမှ လူဦးရေ (၂၀၃၈) ဦးအတွက် ဟင်္သာတခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိရာ (၁-၈-၂၀၁၆) ရက်နေ့မှ (၃-၈-၂၀၁၆) ရက်နေ့ထိ ဆန်ရိက္ခာဖိုးငွေစုစုပေါင်း (၁,၈၃၄,၂၀၀) ကျပ်တိတိနှင့် စုစုပေါင်းတန်ဖိုးငွေ (၇၁၁,၀၀၀) ကျပ်တိတိရှိ ရေသန့်ဗူးများအား ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)