ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူ စုစုပေါင်း (၆၅၆၀) ဦးအတွက် ဆန်ဖိုးငွေ (၃၁၀၇၇၀၀/-) ကျပ်အား (၃-၈-၂၀၁၆) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။