Category Archives: News
-
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကုန်းသောင်ကျေးရွာ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကုန်းသောင်ကျေးရွာ ရေဘေးသင့်အိမ်ထောင်စု (၂၂၁) စုမှ လူဦးရေ (၁၀၅၈) ဦးအတွက် ဆန်ရိက္ခာဖိုးနှင့် ငါးသေတ္တာဖိုးငွေကျပ် (၁၁၅၁၁၀၀) တိတိအား မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူးက (၄-၈-၂၀၁၆) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကြူတောကျေးရွာ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကြူတောကျေးရွာ ရေဘေးသင့်အိမ်ထောင်စု (၁၆၈) စုမှ လူဦးရေ (၈၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးနှင့် ငါးသေတ္တာဖိုးငွေကျပ် (၈၈၁၁၀၀) တိတိအား မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူးက (၄-၈-၂၀၁၆) ရက်နေ့၊ (၁၃) နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
(၃.၈.၂၀၁၆) ရက်နေ့အထိ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ ရေဘေးဖြစ်ပွားမှုကြောင့် ဘေးဒုက္ခခံစားနေကြရသော ပြည်သူများထံသို့ ထောက်ပံ့ပေးမှုအခြေအနေသတင်း
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ (၃-၈-၂၀၁၆) ရက်နေ့၊ နေ့လည် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဧရာ၀တီမြစ်ရေသည် ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့နယ်များ၏စိုးရိမ်ရေမှတ်အထက်တွင်လည်းကောင်း၊ ဒုဌ၀တီမြစ်ရေသည်မြစ်ငယ်မြို့၏စိုးရိမ်ရေမှတ်အထက်တွင်လည်းကောင်း၊ ချင်းတွင်းမြစ်ရေသည် မော်လိုက်၊ ကလေး၀၊ မင်းကင်း၊ ကနီ၊ မုံရွာမြို့နယ်များ၏စိုးရိမ်ရေမှတ်အထက်တွင်လည်းကောင်း၊ င၀န်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၏စိုးရိမ်ရေမှတ်အထက်တွင်လည်းကောင်း ဆက်လက်တည်ရှိနေပါသည်။ အဆိုပါမြစ်ရေတက်မှုများကြောင့်မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိပြီး ပြည်သူများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးမှုများပြုလုပ်ထားပြီး လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးဦးဆောင်၍ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့မှုများကို … Read more
-
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုအခြေအနေသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် (၄-၈-၂၀၁၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားသော ဂူကြီးကျောင်းတိုက်သို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်သောင်းနှင့် ဦးမင်းဟန်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နောင်ကျော်စွာတို့နှင့်အတူ သွားရောက်ပြီး ရေဘေးသင့်အိမ်ခြေ (၂,၃၉၉) လုံးရှိ အိမ်ထောင်စု (၂,၅၇၇) စုမှ လူဦးရေ (၁၁,၁၁၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၁၀,၀၀၄,၄၀၀)၊ ငါးသေတ္တာတန်ဖိုးငွေကျပ် (၂,၃၁၉,၃၀၀)၊ ခေါက်ဆွဲခြောက်တန်ဖိုးငွေကျပ် (၂,၆၆၇,၈၄၀) စုစုပေါင်းတန်ဖိုးငွေကျပ် (၁၄,၉၉၁,၅၄၀) အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး … Read more
-
ညောင်ဦးမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ရေဘေးဖြစ်ပွားသော မြို့ပေါ်ရပ်ကွက် အမှတ် (၁/၂/၄/၅/၇)နှင့် ကျေးရွာ (၁၂) ရွာရှိ ရေဘေးရှောင်ပြောင်း ရွှေ့မိဘပြည်သူများအား အိမ်ထောင်စု (၂၁၂၄) စု၊ လူဦးရေ (၈,၉၁၆) ဦးအတွက် ဆန်ရိက္ခာ (၃) ရက်စာတန်ဖိုး (၄,၉၈၆,၀၀၀/-) ကျပ်၊ ခေါက်ဆွဲခြောက်တန်ဖိုး (၂,၄၀၇,၃၂၀/-)ကျပ်နှင့် ငါးသေတ္တာဗူးတန်ဖိုး (၁,၉၁၁,၆၀၀/-)ကျပ်၊ စုစုပေါင်း ငွေကျပ် (၉,၃၀၄,၉၂၀/-) ကျပ်အား (၃-၈-၂၀၁၆)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ မြင်းကပါကျေးရွာ၊ ငွေစေတီဓမ္မာရုံအတွင်း ရေဘေးရှောင်မိဘပြည်သူများကို အားပေးစကားများပြောကြားခဲ့ပြီး မြင်းကပါကျေးရွာ … Read more
-
ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဒါနချောင်းကျေးရွာအုပ်စု၊ ကျွန်းကလေးကျေးရွာ ကမ်းပြိုဘေးအတွက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ၊ဒါနချောင်းကျေးရွာအုပ်စု ကျွန်းကလေးကျေးရွာတွင် ကမ်းပြိုဘေးဖြစ်ပွားခဲ့ရာ အိမ်ထောင်စု (၉) စု၊ လူဦးရေ (၃၆) ဦးဘေးသင့်ခဲ့ပါသည်။အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး (၉)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဘိုးငွေ (၁၈၀၀၀၀/-)ကျပ်နှင့်ဆန်ရိက္ခာဖိုးထောက်ပံငွေ (၃)ရက်စာ(၃၂၄၀၀/-)ကျပ် တို့အား (၃.၈.၂၀၁၆) နေ့၌ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်၊၊
-
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အချင်းပြစ်ကျေးရွာ ရေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အချင်းပြစ်ကျေးရွာမှ ရေဘေးသင့်အိမ်ခြေ (၁၀၁)အိမ်၊ လူဦးရေ (၄၅၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၄၀၅၀၀၀)ကျပ်၊ ငါးသေတ္တာဖိုးငွေ (၉၀၉၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး (၁၀၁)အိမ်ထောင်စုစာကို (၃-၈-၂၀၁၆)ရက်နေ့(၁၅းဝ၀)အချိန်သွားရောက်ထောက်ပံ့ခဲ့ကြောင်းသိရှိရပါသည်။
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ရှိ ရေဘေးသင့် ပြည်သူများထံသွားရောက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာန ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၁၆)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျွဲဂါတ် ကျေးရွာ အုပ်စု၊ အင်းမကျေးရွာရှိ ရေဘေးသင့် အိမ်ထောင်စု (၂၃)စု၊ လူဦးရေ (၁၀၈)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၉၇၂၀၀)ကျပ် နှင့် ရေသန့်ဗူး (၆)လုံးပါ (၂၃)ကဒ် တို့ကို ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသတင်းရရှိပါသည်။
-
မြောင်မြို့နယ် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၃-၈-၂၀၁၆) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်မြို့နယ် ရေဘေးသင့်ပြည်သူ များအား အိမ်ထောင်စု ( ၆၂၁) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ထောင်စု (၂) စုစာ အတွက် ကယ်ဆယ် ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၁,၁၉၇,၀၀၀/-) နှင့် ပြိုကျအိမ် (၂) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀,၀၀၀/-) တို့အား မြောင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် နှင့်ပြည်မြို့နယ်ရှိ ရေဘေးသင့် ပြည်သူများထံသွားရောက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဝင်းထိန်ကျော်နှင့် အဖွဲ့သည် (၄-၈-၂၀၁၆)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ရပ်ကွက်(၅)ခု၊ ကျေးရွာအုပ်စု (၇)ခုမှ ရေဘေးသင့် အိမ်ထောင်စု (၄၃၅)စု၊ လူဦးရေ (၁၇၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေနှင့် ငါးသေတ္တာဖိုး ထောက်ပံ့ငွေ စုစုပေါင်း (၁၈၈၃၈၄၄)ကျပ်နှင့် ပြည်မြို့နယ်၊ ရပ်ကွက်(၁)ခု၊ ကျေးရွာ (၅)ခု မှ ရေဘေးသင့် အိမ်ထောင်စု (၂၉၂) စု လူဦးရေ (၁၂၄၉) ဦးအတွက် ဆန်ရိက္ခာနှင့် ငါးသေတ္တာဖိုးထောက်ပံ့ငွေ စုစုပေါင်း (၁၃၄၉၃၃၄)ကျပ်အား သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။









