မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုအခြေအနေသတင်း

21

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် (၄-၈-၂၀၁၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားသော ဂူကြီးကျောင်းတိုက်သို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်သောင်းနှင့် ဦးမင်းဟန်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နောင်ကျော်စွာတို့နှင့်အတူ သွားရောက်ပြီး ရေဘေးသင့်အိမ်ခြေ (၂,၃၉၉) လုံးရှိ အိမ်ထောင်စု (၂,၅၇၇) စုမှ လူဦးရေ (၁၁,၁၁၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၁၀,၀၀၄,၄၀၀)၊ ငါးသေတ္တာတန်ဖိုးငွေကျပ် (၂,၃၁၉,၃၀၀)၊ ခေါက်ဆွဲခြောက်တန်ဖိုးငွေကျပ် (၂,၆၆၇,၈၄၀) စုစုပေါင်းတန်ဖိုးငွေကျပ် (၁၄,၉၉၁,၅၄၀) အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများလိုက်ပါလျက် ရေများဝင်ရောက်နေသည့် ဇရပ်နီကျေးရွာ၊ နွားမော့ကျေးရွာနှင့် သားဂေါင်းကျေးရွာများသို့ သွားရောက်ပြီး ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများထံသို့ အရေးပေါ်စားရေရိက္ခာများကို ပြည်သူများလက်ဝယ်သို့ စနစ်တကျလွွှဲပြောင်းထောက်ပံ့ပေးအပ်ပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events