ညောင်ဦးမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ရေဘေးဖြစ်ပွားသော မြို့ပေါ်ရပ်ကွက် အမှတ် (၁/၂/၄/၅/၇)နှင့် ကျေးရွာ (၁၂) ရွာရှိ ရေဘေးရှောင်ပြောင်း ရွှေ့မိဘပြည်သူများအား အိမ်ထောင်စု (၂၁၂၄) စု၊ လူဦးရေ (၈,၉၁၆) ဦးအတွက် ဆန်ရိက္ခာ (၃) ရက်စာတန်ဖိုး (၄,၉၈၆,၀၀၀/-) ကျပ်၊ ခေါက်ဆွဲခြောက်တန်ဖိုး (၂,၄၀၇,၃၂၀/-)ကျပ်နှင့် ငါးသေတ္တာဗူးတန်ဖိုး (၁,၉၁၁,၆၀၀/-)ကျပ်၊ စုစုပေါင်း ငွေကျပ် (၉,၃၀၄,၉၂၀/-) ကျပ်အား (၃-၈-၂၀၁၆)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ မြင်းကပါကျေးရွာ၊ ငွေစေတီဓမ္မာရုံအတွင်း ရေဘေးရှောင်မိဘပြည်သူများကို အားပေးစကားများပြောကြားခဲ့ပြီး မြင်းကပါကျေးရွာ အုပ်ချုပ်ရေးမှူးထံ သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိပါသည်။

Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events