ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဝင်းထိန်ကျော်နှင့် အဖွဲ့သည် (၄-၈-၂၀၁၆)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ရပ်ကွက်(၅)ခု၊ ကျေးရွာအုပ်စု (၇)ခုမှ ရေဘေးသင့် အိမ်ထောင်စု (၄၃၅)စု၊ လူဦးရေ (၁၇၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေနှင့် ငါးသေတ္တာဖိုး ထောက်ပံ့ငွေ စုစုပေါင်း (၁၈၈၃၈၄၄)ကျပ်နှင့် ပြည်မြို့နယ်၊ ရပ်ကွက်(၁)ခု၊ ကျေးရွာ (၅)ခု မှ ရေဘေးသင့် အိမ်ထောင်စု (၂၉၂) စု လူဦးရေ (၁၂၄၉) ဦးအတွက် ဆန်ရိက္ခာနှင့် ငါးသေတ္တာဖိုးထောက်ပံ့ငွေ စုစုပေါင်း (၁၃၄၉၃၃၄)ကျပ်အား သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။