မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကုန်းသောင်ကျေးရွာ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကုန်းသောင်ကျေးရွာ ရေဘေးသင့်အိမ်ထောင်စု (၂၂၁) စုမှ လူဦးရေ (၁၀၅၈) ဦးအတွက် ဆန်ရိက္ခာဖိုးနှင့် ငါးသေတ္တာဖိုးငွေကျပ် (၁၁၅၁၁၀၀) တိတိအား မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူးက (၄-၈-၂၀၁၆) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events