Category Archives: News
-
ညောင်းဦးမြို့နယ်၊ တောင်ဘီကျေးရွာအုပ်စုတွင် ရေဘေးထောက်ပံ့မှုသတင်း
ညောင်ဦးမြို့နယ်၊ တောင်ဘီကျေးရွာအုပ်စု၊ ဆယ်လန်ကျေးရွာတွင် ရေဘေးကြောင့် ရွေ့ပြောင်း ထပ်တိုးအိမ်ထောင်စု(၂၂)စုမှ လူဦးရေ(၆၈)ဦးအတွက် ဆန်ရိက္ခာ (၃)ရက်စာ တန်ဖိုးငွေကျပ် (၅၅၈၀၀) ပါအဝင် စုစုပေါင်းအိမ်ထောင်စု (၃၂၀)မှ လူဦးရေ (၁၃၀၆)ဦး အတွက် ခေါက်ဆွဲခြောက်တန်ဖိုးငွေကျပ် (၃၅၂၆၂၀) နှင့် ငါးသေတ္တာဗူးတန်ဖိုးငွေကျပ်(၂၈၈၀၀၀) စုစုပေါင်း တန်ဖိုးငွေကျပ် (၆၉၆၄၂၀)အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်မှ (၄-၈-၂၀၁၆)ရက်နေ့တွင်သွားရောက်ထောက်ပံ့ခဲ့ပြီး ကမ္မဘုန်းကြီးကျောင်းအတွင်း ရေဘေးရှောင်မိဘပြည်သူများကို အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
-
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ရေဘေးသင့်ဒေသများတွင် ကဏ္ဍအလိုက်ပါဝင်ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများအား ဆွေးနွေးဆောင်ရွက်မှုသတင်း
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးများရှိ မြို့နယ်အချို့တွင် လတ်တလောဖြစ်ပွားနေသည့် ရေကြီးနစ်မြုပ်မှုများကြောင့် ဘေးဒုက္ခ ကြုံတွေ့နေရသော ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရ တစ်ဖွဲ့တည်းဆောင်ရွက်ခြင်းထက် အရပ်ဘက်လူမှုရေးအဖွဲ့ အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက် ခြင်းက ပြည်သူကို ပိုမို၍ စနစ်တကျ တိုက်ရိုက် အကျိုးပြုနိုင်မှာဖြစ်ကြောင်း (၅.၈.၂၀၁၆) ရက်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်သည့် အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ … Read more
-
Testing Important News
Testing Testing
-
စစ်ကိုင်းတိုင်းဒေသကြီး၊မြင်းမူ မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၅-၈-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်အတွင်းရှိ ရေဘေးသင့် ရွှေ့ပြောင်း အိမ်ထောင်စု (၆၃၀) စာအတွက် ကယ်ဆယ်ရေးပစ္စည်း(၄) မျိုးနှင့် လူဦးရေ (၂,၇၂၂) ဦးအတွက် ဆန်ရိက္ခာ(၃) ရက်စာ (၂,၄၄၉,၈၀၀/-)ကျပ်အား ရွှေ့ပြောင်းအိမ်ထောင်စုများခိုလှုံရာ မြင်းမူမြို့၊ ရွှေစောလူးဘုရားသို့ သွားရောက ်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သရက်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
သရက်မြို့နယ်အတွင်း (၁-၈-၂၀၁၆) မှ(၄-၈-၂၀၁၆ )ရက်နေ့အထိ မြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု (၉၆၁) စုမှလူဦးရေ (၃၅၇၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၃၂၁၉၃၀၀)နှင့်ငါးသေတ္တာဘူးဖိုးငွေ (၈၆၄၉၀၀)စုစုပေါင်း ငွေကျပ်(၄၀၈၄၂၀၀)အား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၅-၈-၂၀၁၆) ရက်နေ့တွင် ရေဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။
-
ဧရာဝတီတိုင်းဒေသကြီး၊ဓနုဖြူမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ဓနုဖြူမြို့နယ်အတွင်းရှိကျေးရွာများမှ (၃-၈-၂၀၁၆) မှ(၄-၈-၂၀၁၆ )ရက်နေ့အထိ ဧရာ၀တီမြစ်ရေမြင့်တက်မှုကြောင့် ကယ်ဆယ်ရေးစခန်းများသို့ထပ်မံရောက်ရှိသည့် ထပ်တိုးအိမ်ထောင်စု (၃၉၀) စု လူဦးရေ (၁၅၄၂)ဦးအတွက်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၃ )ရက်စာ ဆန်အိတ် (၄၈ အိတ် ၊၄ပြည် ၊ ၄ဗူး) တန်ဖိုး(၁၂၅၂၉၅၀ိ/- )ကျပ်၊ ငါးသေတ္တာ (၁)အိမ်ထောင်စုလျှင် (၄)ဗူးနှုန်းဖြင့် (၁၅၆၀) ဗူးတန်ဖိုး(၃၉၇၈၀၀ိ/- )ကျပ်၊ ရေသန့်ဆေး (၄၈၀) ထုပ်တန်ဖိုး(၉၆၀၀၀ိ/-)ကျပ်၊စုစုပေါင်းတန်ဖိုး( ၁၇၄၆၇၅၀ိ/-)ကျပ် အား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၈-၂၀၁၆) ရက်နေ့တွင် ရေဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ … Read more
-
စလင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အတွင်း ရေဝင်နစ်မြုပ်၍ ပြောင်းရွှေ့ရသော အိမ်ထောင်စု (၁၀,၄၉၄) စု၊ လူဦးရေ (၄၃,၆၈၇) ဦးအတွက် ဆန်းဖိုးထောက်ပံ့ငွေ (၂၆,၂၁၂,၂၀၀/-) ကျပ်အား မကွေးတိုင်းဒေသကြီးဦးစီးမှူး၊ ဦးမြင့်စိုးမှ စလင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံ သို့ (၅-၈-၂၀၁၆) ရက်နေ့၊(၁၆:ဝ၀) နာရီအချိန်တွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source:မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် လူမှုရေးအသင်းအဖွဲ့များတွေ့ဆုံပွဲ ကျင်းပမှုသတင်း
မြန်မာနိုင်ငံနေရာအချို့၌ လတ်တလောဖြစ်ပေါ်လျက်ရှိသည့် ရေဘေးဖြစ်ပွားမှုတွင် ဒေသအလိုက် ထိရောက်သော ကူညီထောက်ပံ့မှုများဖြစ်စေရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်း အဝေး ကို (၅-၈-၂၀၁၆) ရက်နေ့၊ (၁၅: ဝ၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
-
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ (၁/၂၀၁၆) လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပပြုလုပ်မှုသတင်း
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (၁/၂၀၁၆) လုပ်ငန်းညှိနှိုင်းအစည်းဝေးကို (၅-၈-၂၀၁၆) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်၊၊









