(၅-၈-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်အတွင်းရှိ ရေဘေးသင့် ရွှေ့ပြောင်း အိမ်ထောင်စု (၆၃၀) စာအတွက် ကယ်ဆယ်ရေးပစ္စည်း(၄) မျိုးနှင့် လူဦးရေ (၂,၇၂၂) ဦးအတွက် ဆန်ရိက္ခာ(၃) ရက်စာ (၂,၄၄၉,၈၀၀/-)ကျပ်အား ရွှေ့ပြောင်းအိမ်ထောင်စုများခိုလှုံရာ မြင်းမူမြို့၊ ရွှေစောလူးဘုရားသို့ သွားရောက ်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)