ဧရာဝတီတိုင်းဒေသကြီး၊ဓနုဖြူမြို့နယ်အတွင်းရှိကျေးရွာများမှ (၃-၈-၂၀၁၆) မှ(၄-၈-၂၀၁၆ )ရက်နေ့အထိ ဧရာ၀တီမြစ်ရေမြင့်တက်မှုကြောင့် ကယ်ဆယ်ရေးစခန်းများသို့ထပ်မံရောက်ရှိသည့် ထပ်တိုးအိမ်ထောင်စု (၃၉၀) စု လူဦးရေ (၁၅၄၂)ဦးအတွက်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၃ )ရက်စာ ဆန်အိတ် (၄၈ အိတ် ၊၄ပြည် ၊ ၄ဗူး) တန်ဖိုး(၁၂၅၂၉၅၀ိ/- )ကျပ်၊ ငါးသေတ္တာ (၁)အိမ်ထောင်စုလျှင် (၄)ဗူးနှုန်းဖြင့် (၁၅၆၀) ဗူးတန်ဖိုး(၃၉၇၈၀၀ိ/- )ကျပ်၊ ရေသန့်ဆေး (၄၈၀) ထုပ်တန်ဖိုး(၉၆၀၀၀ိ/-)ကျပ်၊စုစုပေါင်းတန်ဖိုး( ၁၇၄၆၇၅၀ိ/-)ကျပ် အား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၈-၂၀၁၆) ရက်နေ့တွင်
ရေဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။