မြန်မာနိုင်ငံနေရာအချို့၌ လတ်တလောဖြစ်ပေါ်လျက်ရှိသည့် ရေဘေးဖြစ်ပွားမှုတွင် ဒေသအလိုက် ထိရောက်သော ကူညီထောက်ပံ့မှုများဖြစ်စေရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်း အဝေး ကို (၅-၈-၂၀၁၆) ရက်နေ့၊ (၁၅: ဝ၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။