မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အတွင်း ရေဝင်နစ်မြုပ်၍ ပြောင်းရွှေ့ရသော အိမ်ထောင်စု (၁၀,၄၉၄) စု၊ လူဦးရေ (၄၃,၆၈၇) ဦးအတွက် ဆန်းဖိုးထောက်ပံ့ငွေ (၂၆,၂၁၂,၂၀၀/-) ကျပ်အား မကွေးတိုင်းဒေသကြီးဦးစီးမှူး၊ ဦးမြင့်စိုးမှ စလင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံ သို့ (၅-၈-၂၀၁၆) ရက်နေ့၊(၁၆:ဝ၀) နာရီအချိန်တွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source:မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)