မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးများရှိ မြို့နယ်အချို့တွင် လတ်တလောဖြစ်ပွားနေသည့် ရေကြီးနစ်မြုပ်မှုများကြောင့် ဘေးဒုက္ခ ကြုံတွေ့နေရသော ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရ တစ်ဖွဲ့တည်းဆောင်ရွက်ခြင်းထက် အရပ်ဘက်လူမှုရေးအဖွဲ့ အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက် ခြင်းက ပြည်သူကို ပိုမို၍ စနစ်တကျ တိုက်ရိုက် အကျိုးပြုနိုင်မှာဖြစ်ကြောင်း (၅.၈.၂၀၁၆) ရက်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်သည့် အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ ဝန်ကြီးဌာနအနေဖြင့် ရေဘေးသင့်ပြည်သူများအား ယခင်ကဆန်ရိက္ခာ(၃) ရက်စာ ထောက်ပံ့ပေးလျက်ရှိရာမှ ယခုအခါတွင် ရေကျပြီး ပုံမှန်အခြေအနေ ရောက်သည်အထိ လိုအပ်မှုအရ ဆက်လက်ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ အနေဖြင့်လည်း မိမိတို့ ပါဝင်ဆောင်ရွက်ပေးနိုင်မှုကို သက်ဆိုင်ရာ တိုင်းဒေသကြီးများရှိ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးများထံသို့ ဆက်သွယ် သတင်းအချက်အလက်ရယူ၍ လုပ်ငန်းများ အနစ်တကျ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန်နှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများကိုလည်း တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားပြီး တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေးချက်များအပေါ် ဆွေးနွေးဆောင်ရွက်ပါသည်။
ယနေ့ဆွေးနွေးပွဲသို့ ရေဘေးသင့်တိုင်းဒေသကြီး(၅)ခုရှိ အရပ်ဘက်လူမှုရေးအဖွဲ့အစည်း များမှ ကိုယ်စားလှယ် ( ၄၃ )ဦးတက်ရောက်ခဲ့ပြီး ရေဘေးသင့်ဒေသများတွင် ကဏ္ဍအလိုက်ပါဝင်ဆောင်ရွက် ပေးနိုင်မည့်အခြေအနေများအား ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ပါကြောင်းနှင့် ကျန်ရှိသည့် အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများမှလည်း လက်တလောရေကြီးမှုများနှင့်စပ်လျဥ်း၍ အောက်ပါ တယ်လီဖုန်း နံပါတ်များနှင့် လူမှုကွန်ယက်စာမျက်နှာများမှတဆင့် သတင်းပေးပို့ဆက်သွယ်အကူအညီများ တောင်းခံ နိုင်ပါကြောင်း သတင်းရရှိပါသည်-
(၁) ဦးစဝီလီဖရန့်
ညွှန်ကြားရေးမှူး
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး
ဖုန်း -၀၉၄၇၀၉၃၄၈၀၊၀၉-၄၂၈၃၃၅၆၁၇
(၁) ဦးသိန်းဌေးအောင်
ညွှန်ကြားရေးမှူး
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး
ဖုန်း -၀၉၄၃၀၅၄၂၆၁၊၀၉-၃၁၁၁၆၅၅၅
(၁) ဦးမြင့်စိုး
ညွှန်ကြားရေးမှူး
မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး
ဖုန်း -၀၉၄၇၂၀၂၉၂၉၊၀၉-၅၆၈၀၄၆၅
(၁) ဦးသန်းထွဋ်ဆွေ
ညွှန်ကြားရေးမှူး
မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး
ဖုန်း -၀၉၄၃၁၂၀၈၆၇၊၀၉-၉၇၀၀၆၄၆၆၀
(၁) ဦးသန်းစိုး
ညွှန်ကြားရေးမှူး
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး
ဖုန်း -၀၉၄၉၀၀၀၂၉၀၊၀၉-၂၅၀၁၂၃၈၈၅
Hotline : ၀၆၇-၄၀၄၆၆၆၊ ၀၆၇-၄၀၄၇၇၇
Facebook : httpsး//www. Facebook.com/ Relief-and- Resettlement – Department- Myanmar-660230287445329/
Website : httpsး//www.rrdmyanmar.gov.mm/
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန