Category Archives: News
-
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုအခြေအနေသတင်း
(၁၇-၈-၂၀၁၆) ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၁၃) လုံးအမိုးလန်ပျက်စီးခဲ့ပြီး လူဦးရေ (၆၆) ဦး လေဘေးသင့်ခဲ့ပါသည်။ အဆိုပါလေဘေးသင့်ပြည်သူများအတွက် သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်းများ၊ ဆန် (၃) ရက်စာဘိုးငွေ (၅၉,၄၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဘိုးငွေ (၂၆၀,၀၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၃၁၉,၄၀၀) ကျပ်တိတိအား (၁၈-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
Just posting news
NEWS NEWS NEWS NEWS
-
Testing as important news
newsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnewsnews
-
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ၊ ဒေါင်းရပ်အနောက်ကျေးရွာတွင် လေပြင်းသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ဒေါင်းရပ်အနောက်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်တစ်လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀)ကျပ် နှင့် လူဦးရေ (၅)ဦးစာ ဆန်ရိက္ခာ (၃)ရက်စာ (၄၅၀၀)ကျပ်အား မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်ရှိ ထောင်မင်းကျေးရွာနှင့် ဝေါမြို့နယ်ရှိ လေးအိမ်စုကျေးရွာအုပ်စု တို့တွင် လေဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့မှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် နှင့် ဝေါမြို့နယ်တို့တွင် (၁၇-၈-၂၀၁၆) ရက်နေ့က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ သနပ်ပင်မြို့နယ်၊ ထောင်မင်းကျေးရွာရှိ ပြိုလဲ(၁)အိမ် နှင့် အမိုးလန် (၂)အိမ်မှ လူဦးရေ(၁၈)ဦးစာ ဆန်ရိက္ခာဖိုး (၁၆၂၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀)ကျပ်နှင့် ကယ်ဆယ်ပစ္စည်း(၃)အိမ်ထောင်စာကို လည်းကောင်း၊ ဝေါမြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု၊ ကွေ့ကြီးကျေးရွာအုပ်စု၊ ဖိုးစိန္ဒာကျေးရွာ၊ လက်ပံကျေးရွာများရှိ ပြိုလဲ(၃၁)အိမ်နှင့် အမိုးလန်(၁၁၉)အိမ် မှလူဦးရေ (၇၀၉)ဦးတို့အတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ စုစုပေါင်း (၄၅၆၈၁၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၄၈)အိမ်ထောင်စာကို လည်းကောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ … Read more
-
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မိညိုထောင့်ရွာမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မိညိုထောင့်ရွာမှ (၁၆-၈-၂၀၁၆)ရက် နေ့တွင်လေဘေးသင့်ခဲ့့သော အိမ်ြေခ(၁ဝ)လုံးမှ လူဦးရေ (၅၄)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး အိမ်ထောင်စု(၃) စုစာ ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး အိမ်ထောင်စု (၇) စုစာ၊ ဆန်ရိက္ခာဖိုး (၃) ရက်စာ (၄၈၆၀၀)ကျပ် ၊ အိမ်ဆောက်ပစ္စည်းဘိုး (၂၉၀၀၀၀)ကျပ်၊ စုစုပေါင်း (၃၃၈၆၀၀) ကျပ်ကို(၁၈-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။
-
တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ရေဘေးဖြစ်ပွားမှုနှင့် လေပြင်းတိုက်ခတ်မှုှုအခြေအနေများနှင့်လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှထောက်ပံ့ပေးမှုအခြေအနေ(၁၇.၈.၂၀၁၆)ရက်နေ့အထိ
– ၂၀၁၆ခုနှစ်၊ဇူလိုင်လလယ်ခန့်မှစတင်ဖြစ်ပွားလျက်ရှိသောရေကြီးရေလျှံမှုများကြောင့် တိုင်းဒေသကြီး/ပြည်နယ်(၁၀)ခုတွင် ပြည်သူများအား ဘေးလွတ်ကင်းရာနေရာများသို့ ယာယီပြောင်းရွှေ့နေရာချထားပေးမှုများရှိခဲ့ရာ (၁၇-၈-၂၀၁၆)နေ့အထိ အိမ်ထောင်စု(၁)သိန်း(၁) သောင်းကျော်မှလူဦးရေ(၄)သိန်း(၇)သောင်းကျော်ကို ဘေးလွှတ်ရာနေရာများသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ရပါသည်။လူ(၈)ဦးသေဆုံးခဲ့ပါသည်။ သို့သော် ယခုအခါ အချို့နေရာများတွင် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် မူလနေရာများသို့ပြန်လည်ရွှေ့ပြောင်းလျက်ရှိပါသည်။ – ထပ်မံဖြစ်ပွားမှုအနေဖြင့် ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် သောင်းရင်းမြစ်ရေမြင့်တက်လာမှုကြောင့် (၁၆-၈-၂၀၁၆)နေ့တွင် မြ၀တီမြို့ရှိ အမှတ်(၂)၊ အမှတ်(၄)၊ အမှတ်(၅)ရပ်ကွက် အနိမ့်ပိုင်းနေရာများသို့ရေ၀င်ရောက်မှုများဖြစ်ပွားခဲ့သဖြင့် အိမ်ထောင်စု(၂၉၀)ခန့်မှ လူဦးရေ(၁၃၄၀)ကျော်ကို ကယ်ဆယ်ရေးစခန်း(၅)ခုဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးခဲ့ပါသည်။ အဆိုပါရေဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ မြ၀တီခရိုင်ဦးစီးမှူးနှင့်အဖွဲ့မှ တန်ဖိုးငွေကျပ်(၂၂၈၁၂၀၀)ရှိ ဆန်၊ ငါးသေတ္တာ၊ ရေသန့်ဗူးများနှင့် ရေသန့်ဆေးပြားများ သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။ … Read more
-
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရှိ လေဘေးသင့် ပြည်သူများအား သွားရောက်ထောက်ပံ့မှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ သာယာကုန်းကျေးရွာရှိ လေဘေးသင့် ပြိုလဲနေအိမ် အိမ်ထောင်စု (၁)စု၊ အမိုးလန်နေအိမ် အိမ်ထောင်စု (၃)စု တို့အတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၁၁၀၀၀၀)ကျပ် နှင့် လူဦးရေ (၁၉)ဦးအတွက် ဆန်ရိက္ခာဖိုး (၁၇၁၀၀)ကျပ် စုစုပေါင်း (၁၂၇၁၀၀)ကျပ်တို့ကို ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံး (ကဆရ)မှ (၁၇-၈-၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်နှင့် မြေမြင့်ရပ်ကွက်တို့ရှိ ရေဘေးသင့် အိမ်ထောင်စုများအား သွားရောက်ထောက်ပံ့မှုသတင်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်နှင့် မြေမြင့်ရပ်ကွက်တို့တွင် (၁၆-၈-၂၀၁၆) ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ အနိမ့်ပိုင်းလူနေအိမ်များ ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ပါသည်။ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အဆိုပါ ရေဘေးသင့် အိမ်ထောင်စု (၅၇)စုမှ လူဦးရေ (၂၅၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး နှင့် ဆန်ရိက္ခာ (၃)ရက်စာ (၂၃၃၁၀၀)ကျပ်အား (၁၇-၈-၂၀၁၆) ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။









