ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် နှင့် ဝေါမြို့နယ်တို့တွင် (၁၇-၈-၂၀၁၆) ရက်နေ့က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ သနပ်ပင်မြို့နယ်၊ ထောင်မင်းကျေးရွာရှိ ပြိုလဲ(၁)အိမ် နှင့် အမိုးလန် (၂)အိမ်မှ လူဦးရေ(၁၈)ဦးစာ ဆန်ရိက္ခာဖိုး (၁၆၂၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀)ကျပ်နှင့် ကယ်ဆယ်ပစ္စည်း(၃)အိမ်ထောင်စာကို လည်းကောင်း၊ ဝေါမြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု၊ ကွေ့ကြီးကျေးရွာအုပ်စု၊ ဖိုးစိန္ဒာကျေးရွာ၊ လက်ပံကျေးရွာများရှိ ပြိုလဲ(၃၁)အိမ်နှင့် အမိုးလန်(၁၁၉)အိမ် မှလူဦးရေ (၇၀၉)ဦးတို့အတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ စုစုပေါင်း (၄၅၆၈၁၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၄၈)အိမ်ထောင်စာကို လည်းကောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၁၈-၈-၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။