(၁၇-၈-၂၀၁၆) ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၁၃) လုံးအမိုးလန်ပျက်စီးခဲ့ပြီး လူဦးရေ (၆၆) ဦး လေဘေးသင့်ခဲ့ပါသည်။ အဆိုပါလေဘေးသင့်ပြည်သူများအတွက် သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်းများ၊ ဆန် (၃) ရက်စာဘိုးငွေ (၅၉,၄၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဘိုးငွေ (၂၆၀,၀၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၃၁၉,၄၀၀) ကျပ်တိတိအား (၁၈-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)