ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မိညိုထောင့်ရွာမှ (၁၆-၈-၂၀၁၆)ရက် နေ့တွင်လေဘေးသင့်ခဲ့့သော အိမ်ြေခ(၁ဝ)လုံးမှ လူဦးရေ (၅၄)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး အိမ်ထောင်စု(၃) စုစာ ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး အိမ်ထောင်စု (၇) စုစာ၊ ဆန်ရိက္ခာဖိုး (၃) ရက်စာ (၄၈၆၀၀)ကျပ် ၊ အိမ်ဆောက်ပစ္စည်းဘိုး (၂၉၀၀၀၀)ကျပ်၊ စုစုပေါင်း (၃၃၈၆၀၀) ကျပ်ကို(၁၈-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။