တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ရေဘေးဖြစ်ပွားမှုနှင့် လေပြင်းတိုက်ခတ်မှုှုအခြေအနေများနှင့်လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှထောက်ပံ့ပေးမှုအခြေအနေ(၁၇.၈.၂၀၁၆)ရက်နေ့အထိ

1 2 3 4 5 6 8 9 10 11 12 13 14 15 16 17 18 19 20 21

–     ၂၀၁၆ခုနှစ်၊ဇူလိုင်လလယ်ခန့်မှစတင်ဖြစ်ပွားလျက်ရှိသောရေကြီးရေလျှံမှုများကြောင့် တိုင်းဒေသကြီး/ပြည်နယ်(၁၀)ခုတွင် ပြည်သူများအား ဘေးလွတ်ကင်းရာနေရာများသို့ ယာယီပြောင်းရွှေ့နေရာချထားပေးမှုများရှိခဲ့ရာ (၁၇-၈-၂၀၁၆)နေ့အထိ အိမ်ထောင်စု(၁)သိန်း(၁) သောင်းကျော်မှလူဦးရေ(၄)သိန်း(၇)သောင်းကျော်ကို ဘေးလွှတ်ရာနေရာများသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ရပါသည်။လူ(၈)ဦးသေဆုံးခဲ့ပါသည်။ သို့သော် ယခုအခါ အချို့နေရာများတွင် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် မူလနေရာများသို့ပြန်လည်ရွှေ့ပြောင်းလျက်ရှိပါသည်။

–   ထပ်မံဖြစ်ပွားမှုအနေဖြင့် ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် သောင်းရင်းမြစ်ရေမြင့်တက်လာမှုကြောင့် (၁၆-၈-၂၀၁၆)နေ့တွင် မြ၀တီမြို့ရှိ အမှတ်(၂)၊ အမှတ်(၄)၊ အမှတ်(၅)ရပ်ကွက် အနိမ့်ပိုင်းနေရာများသို့ရေ၀င်ရောက်မှုများဖြစ်ပွားခဲ့သဖြင့် အိမ်ထောင်စု(၂၉၀)ခန့်မှ လူဦးရေ(၁၃၄၀)ကျော်ကို ကယ်ဆယ်ရေးစခန်း(၅)ခုဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးခဲ့ပါသည်။ အဆိုပါရေဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ မြ၀တီခရိုင်ဦးစီးမှူးနှင့်အဖွဲ့မှ တန်ဖိုးငွေကျပ်(၂၂၈၁၂၀၀)ရှိ ဆန်၊ ငါးသေတ္တာ၊ ရေသန့်ဗူးများနှင့် ရေသန့်ဆေးပြားများ သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်တွင်လည်း အနိမ့်ပိုင်းရပ်ကွက်များသို့ ရေ၀င်ရောက်ခဲ့ရာ ကယ်ဆယ်ရေးစခန်း(၃)ခုဖွင့်လှစ်၍ အိမ်ထောင်စု(၅၅)စုမှ လူဦးရေ(၂၅၄)ဦးအား ယာယီပြောင်းရွှေ့နေရာချထားပေးလျက်ရှိပြီး ထောက်ပံ့ရေးများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

– လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနအနေဖြင့်တိုင်းဒေသကြီး/ပြည်နယ်များတွင်ဖြစ်ပွားလျက်ရှိသည့် ရေဘေးသင့်ပြည်သူများအတွက်(၁၅-၇-၂၀၁၆)မှ (၁၇-၈-၂၀၁၆)ရက်နေ့အထိ ဆန်၊ ခေါက်ဆွဲ၊ ရေသန့်၊ ငါးသေတ္တာ၊ ရေသန့်ဆေးပြား၊ ကယ်ဆယ်ရေးပစ္စည်းများ၊ မိုးကာစ၊ ရေမျောပါပျက်စီးသည့်အိမ်များအတွက်ထောက်ပံ့မှု၊ သေဆုံးသူထောက်ပံ့မှုများအတွက် စုစုပေါင်းတန်ဖိုးကျပ်သိန်းပေါင်း(၆၆၇၀)ကျော်ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ထောက်ပံ့မှုများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

–   လေပြင်းတိုက်ခတ်မှုများအနေဖြင့် (၁၆-၈-၂၀၁၆)နေ့၊ (၂၂း၁၀)အချိန်ခန့်တွင် သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်၊ စိန်တိုင်ကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁၅)လုံးပြိုလဲခဲ့ပြီး နေအိမ်(၅)လုံးအမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါလေဘေးသင့်မိသားစုများအတွက် ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် တန်ဖိုးငွေကျပ်(၉၀၉၄၀၀)ရှိ ဆန်နှင့်အိမ်ဆောက်ပစ္စည်းဖိုးငွေများကို မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာ၀န်ရှိသူများနှင့်ပူးပေါင်းထောက်ပံ့ခဲ့ကြောင်းသိရှိရပါသည်။

–   ထို့အတူ (၁၆-၈-၂၀၁၆)နေ့၊ (၁၅း၃၀)အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ‌ေ၀ါမြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စုနှင့် ကွေ့ကြီးကျေးရွာအုပ်စု၊ ဖိုးစိန္ဒာစုကျေးရွာတို့၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၄၂)လုံးပြိုလဲခဲ့ပြီး နေအိမ်(၉၄)လုံးအမိုးလန်ပျက်စီးခဲ့ရာ ထောက်ပံ့ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

Sign Up

Upcoming Events