Category Archives: News
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Four Paws International အဖွဲ့အစည်းမှ လာရောက်တွေ့ဆုံခြင်းနှင့် ဌာနအဖွဲ့အစည်းများမှအလှူငွေများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ သြဂုတ် လ (၂၃)ရက်နေ့၊ မွန်းလွဲ(၃:၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား Four Paws International အဖွဲ့အစည်းမှ Director of Relief Unit ဖြစ်သူ Mr. Jackson Zee ဦးဆောင်သည့် အဖွဲ့ဝင်များလာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ မင်္ဂလာမြန်မာအဖွဲ့အစည်းနှင့် Four Paws International, Australia အဖွဲ့အစည်းတို့ပူးပေါင်း၍ ၂၀၁၆ခုနှစ်၊ သြဂုတ်လအတွင်းရေဘေးသင့်မြို့နယ်ပေါင်း (၁၂)မြို့နယ်ရှိ ရွာ ပေါင်း(၇၈)ရွာ၌ ကျွဲ၊ နွား ကောင်ရေ … Read more
-
Testing Post 2
Post 2 Post 2
-
Testing Testing Important News
Testing News Post againg
-
(၂၃-၈-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးရုံး၌ အလှူငွေလက်ခံရရှိမှု အခြေအနေသတင်း
(၂၃-၈-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးရုံးသို့ စစ်တွေခရိုင် ကမန်တိုင်းရင်းသား သာရေး/နာရေး လူမူရေးအသင်း (ရန်ကုန်) မှ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ (၃၀၀,၀၀၀) ကျပ်အား လာရောက်လှူဒါန်းခဲ့ရာ ဦးစံကုန်း (ဦးစီးအရာရှိ) က လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး
-
တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ရေဘေးဖြစ်ပွားနေမှုအခြေအနေများနှင့်လူမှု၀န်ထမ်း၊ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှထောက်ပံ့ပေးမှုအခြေအနေ(၂၂.၈.၂၀၁၆) ရက်နေ့အထိ
– ၂၀၁၆ခုနှစ်၊ဇူလိုင်လလယ်ခန့်မှစတင်ဖြစ်ပွားလျက်ရှိသောရေကြီးရေလျှံမှုများကြောင့် တိုင်းဒေသကြီး/ပြည်နယ်(၁၁)ခုတွင် ပြည်သူများအား ဘေးလွတ်ကင်းရာနေရာများသို့ ယာယီပြောင်းရွှေ့နေရာချထားပေးမှုများရှိခဲ့ရာ (၂၂-၈-၂၀၁၆)နေ့အထိ အိမ်ထောင်စု(၁)သိန်း (၂)သောင်းကျော်မှလူဦးရေ(၄)သိန်း(၈)သောင်းကျော်ကို ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ရပါသည်။လူ(၉)ဦးသေဆုံးခဲ့ပါသည်။ သို့သော် ယခုအခါ အချို့နေရာများတွင် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် မူလနေရာများသို့ပြန်လည်ရွှေ့ပြောင်းလျက်ရှိရာ မွန်ပြည်နယ်၊ကချင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်ရေများကျဆင်းသွားပြီဖြစ်ပြီးကယ်ဆယ်ရေးစခန်းများမရှိတော့ပါ။ မန္တလေးတိုင်းဒေသကြီးတွင်မြို့နယ်(၁၂)မြို့နယ်ရေဘေးဒဏ်ခံစားခဲ့ရပြီးယခုအခါရေများပြန်လည်ကျဆင်းလျက်ရှိကြောင်းသိရှိရပါသည်။မြို့နယ်(၁၀)မြို့နယ်တွင်ကယ်ဆယ်ရေးစခန်းများမရှိတော့ပါ။ မကွေးတိုင်းဒေသကြီးတွင်မြို့နယ်(၁၄)မြို့နယ်ရေဘေးဒဏ်ခံစားခဲ့ရပြီးယခုအခါရေများပြန်လည်ကျဆင်းလျက်ရှိကြောင်းသိရှိရပါသည်။မြို့နယ်(၁၀)မြို့နယ်တွင်ကယ်ဆယ်ရေးစခန်းများမရှိတော့ပါ။ ရန်ကုန်တိုင်းဒေသကြီးတွင်မြို့နယ်(၅)မြို့နယ်ရေဘေးဒဏ်ခံစားရလျက်ရှိပြီးယခုအခါရေများပြန်လည်ကျဆင်းလျက်ရှိကြောင်းသိရှိရပါသည်။မြို့နယ်(၃)မြို့နယ်တွင်ကယ်ဆယ်ရေးစခန်းများမရှိတော့ပါ။ ဧရာ၀တီတိုင်းဒေသကြီးတွင်မြို့နယ်(၁၆)မြို့နယ်ရေဘေးဒဏ်ခံစားရလျက်ရှိပြီးကယ်ဆယ်ရေးစခန်းများတွင်နေထိုင်ဆဲဖြစ်ကြောင်းသိရပါသည်။ ရှမ်းပြည်နယ်၊ဟိုပန်မြို့နယ်နှင့်မိုးမိတ်မြို့နယ်တို့တွင်ရေဘေးဒဏ်ခံစားခဲ့ရပြီးကယ်ဆယ်ရေးစခန်း(၂)ခုဖွင့်လှစ်ထားကြောင်းသိရှိရပါသည်။ ကရင်ပြည်နယ်၊မြဝတီမြို့နယ်နှင့်ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင်ရေဘေးဒဏ်ခံစားခဲ့ရပြီးကြာအင်းဆိပ်ကြီးမြို့နယ်တွင်ကယ်ဆယ်ရေးစခန်း(၃)ခုဖွင့်လှစ်ထားကြောင်း၊မြဝတီမြို့နယ်တွင်ကယ်ဆယ်ရေးစခန်းများမရှိတော့ကြောင်းသိရှိရပါသည်။ အဆိုပါရေဘေးဒဏ်ခံစားခဲ့ရသည့်ပြည်သူများအတွက်လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိရာ(၁၅-၇-၂၀၁၆)မှ(၂၂-၈-၂၀၁၆)ရက်နေ့အထိ ဆန်၊ခေါက်ဆွဲ၊ရေသန့်၊ငါးသေတ္တာ၊ရေသန့်ဆေးပြား၊ကယ်ဆယ်ရေးပစ္စည်းများ၊မိုးကာစ၊ရေမျောပါပျက်စီးသည့်အိမ်များအတွက်ထောက်ပံ့မှု၊သေဆုံးသူထောက်ပံ့မှုများအတွက်စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း(၇၄၀၀)ကျော်ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ခရိုင်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊လူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ထောက်ပံ့မှုများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဖြတ်မြို့နယ်နှင့် နောင်ချိုမြို့နယ်များ၌ … Read more
-
တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
(၁၉-၈-၂၀၁၆) ရက်နေ့ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၃၄) လုံးနှင့် ဘုန်းကြီး ကျောင်း (၃) လုံး ပျက်စီးဆုံးရှုံးမှုအတွက် မိုင်းဖြတ်မြို့နယ် (ကဆရ) ရုံးမှ တာဝန်ရှိသူများနှင့်အတူ မြို့နယ်ထွေ/အုပ်မှ တာဝန်ရှိသူများ သည် အမိုးလန်အိမ် (၃၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၃၃) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၆၀၀၀၀/-) ကျပ်၊ ပြိုလဲအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာနှင့် … Read more
-
ကချင်ပြည်နယ် သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ ဦးဆောင်မှုဖြင့် မြစ်ကြီးနားတပ်နယ် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၁၆) ဖွင့်ပွဲအခမ်းအနား
(၂၂-၈- ၂၀၁၆) ရက်နေ့ (၀၈:၀၀) အချိန်တွင် ကချင်ပြည်နယ် သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်တို့ ဦးဆောင်မှုဖြင့် မြစ်ကြီးနားတပ်နယ်ရှာဖွေ ကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၁၆) ဖွင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ အမှတ် (၉၀၁) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းတွင် ကျင်းပခဲ့ရာ ဗိုလ်မှူးကြီးကျော်ကျော်ဦးက အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ပြည်နယ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် ပြည်နယ်မို:/ဇလ ဦးစီးဌာနတို့မှ ဆွေးနွေးကြမည်ဖြစ်ပြီး ကယ်ဆယ်ရေးဦးစီးဌာနအနေဖြင့် သဘာဝဘေးဖြစ်ပွားရခြင်းအကြောင်းနှင့် ဆောင်ရန်/ရှောင်ရန် အချက်များ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ/နည်းဥပဒေများမှ … Read more
-
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ကံကလေးကျေးရွာအုပ်စု၊ ကံကလေးကျေးရွာအတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ကံကလေးကျေးရွာအုပ်စု၊ ကံကလေးကျေးရွာအတွင်းရှိ လေဘေးပြိုလဲအိမ် (၁) လုံး၊ အမိုးလန် (၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၉) အိမ်ထောင်စာ၊ ပြိုလဲ (၁) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀)ကျပ်၊ အမိုးလန် (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၆၀,၀၀၀) ကျပ်နှင့် လူဦးရေ (၄၃) ဦးအတွက် ဆန် (၃) ရက်စာဖိုးငွေ (၃၈,၇၀၀)ကျပ် စုစုပေါင်း (၂၄၈,၇၀၀) … Read more
-
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား (UNDP) အဖွဲ့ဦးဆောင်သော (Expert mission) အဖွဲ့အစည်းမှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အား (UNDP) အဖွဲ့ဦးဆောင်သော (Expert mission) အဖွဲ့အစည်းမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံတွင် ၄င်းတို့ပြုလုပ်နေသည့် ” The Use of the Myanmar Disaster Loss and Damage Data (MDLD) for the Global Database” လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန်အတွက် (၂၂-၈-၂၀၁၆) ရက်နေ့တွင် လာရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။









