တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

2 3(၁၉-၈-၂၀၁၆) ရက်နေ့ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၃၄) လုံးနှင့် ဘုန်းကြီး ကျောင်း (၃) လုံး ပျက်စီးဆုံးရှုံးမှုအတွက် မိုင်းဖြတ်မြို့နယ် (ကဆရ) ရုံးမှ တာဝန်ရှိသူများနှင့်အတူ မြို့နယ်ထွေ/အုပ်မှ တာဝန်ရှိသူများ သည် အမိုးလန်အိမ် (၃၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း  (၄) မျိုး (၃၃) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၆၀၀၀၀/-) ကျပ်၊ ပြိုလဲအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း  (၉) မျိုး (၁) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ ( ၅၀၀၀၀/-) ကျပ်၊ ဘုန်းကြီးကျောင်း (၃) ကျောင်းအတွက် (၆၀၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၇၂) ဦးအတွက် ဆန် (၃) ရက်စာဖိုးငွေ  (၁၅၄၈၀၀/-) ကျပ်တို့ အား  ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရှိပါသည်။

Source:  မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events