လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Four Paws International အဖွဲ့အစည်းမှ လာရောက်တွေ့ဆုံခြင်းနှင့် ဌာနအဖွဲ့အစည်းများမှအလှူငွေများပေးအပ်ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ သြဂုတ် လ (၂၃)ရက်နေ့၊ မွန်းလွဲ(၃:၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား Four Paws International  အဖွဲ့အစည်းမှ Director of Relief Unit ဖြစ်သူ Mr. Jackson Zee ဦးဆောင်သည့် အဖွဲ့ဝင်များလာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာ၌ မင်္ဂလာမြန်မာအဖွဲ့အစည်းနှင့် Four Paws International, Australia အဖွဲ့အစည်းတို့ပူးပေါင်း၍ ၂၀၁၆ခုနှစ်၊ သြဂုတ်လအတွင်းရေဘေးသင့်မြို့နယ်ပေါင်း (၁၂)မြို့နယ်ရှိ ရွာ ပေါင်း(၇၈)ရွာ၌ ကျွဲ၊ နွား ကောင်ရေ ၁၀,၀၀၀ခန့်ကို တိရိစ္ဆာန်အစားအစာများ ဖြန့်ဖြူးပေးနိုင်ခဲ့ပါ ကြောင်း၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေး အစီအစဉ်များတွင် ကျွဲ၊ နွား စသည့် တိရိစ္ဆာန်များ ရွှေ့ပြောင်း နေရာချထားရေး၊ အစားအစာများ ယာယီစီမံပေးရေး၊ သေဆုံး ပျက်စီးမှုများ လျော့ချနိုင်ရေးတို့တွင်ပါဝင် ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ အဆိုပါ ကျွဲ၊ နွား တို့နှင့်ပတ်သက်၍ နည်းပညာဆိုင်ရာ အထောက်အကူ များနှင့်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရေးကိစ္စများ၊ လုပ်ငန်းစီမံချက်ရေးဆွဲ၍ ဆောင်ရွက်နိုင်ရေး ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် ဦးအောင် သန့်၊ ဒုတိယဉက္ကဌ ၊ချယ်ရီမေတ္တာဖောင်ဒေးရှင်းမှ အလှူငွေကျပ်သိန်း(၁၅၀)အား လည်းကောင်း၊ သယံဇာတ နှင့်ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာန၊ ၀န်ထမ်းမိသားစုများမှ လှူဒါန်းငွေကျပ်(၁၄၈၀၇၀၀၀)အား ဒုတိယအမြဲတမ်းအတွင်း၀န် ဦး၀င်းဇော်မှလည်းကောင်း၊ ကယားပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ် သိန်း(၅၀)အားဦးခင်မောင်ဖြူ၊ ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်၀န်ကြီးမှလည်းကောင်း ပေးအပ်လှူဒါန်းရာပြည်ထောင်စု၀န်ကြီးမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

 

Sign Up

Upcoming Events