ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ကံကလေးကျေးရွာအုပ်စု၊ ကံကလေးကျေးရွာအတွင်းရှိ လေဘေးပြိုလဲအိမ် (၁) လုံး၊ အမိုးလန် (၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၉) အိမ်ထောင်စာ၊ ပြိုလဲ (၁) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀)ကျပ်၊ အမိုးလန် (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၆၀,၀၀၀) ကျပ်နှင့် လူဦးရေ (၄၃) ဦးအတွက် ဆန် (၃) ရက်စာဖိုးငွေ (၃၈,၇၀၀)ကျပ် စုစုပေါင်း (၂၄၈,၇၀၀) ကျပ်တိတိအား (၂၂-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး