(၂၂-၈- ၂၀၁၆) ရက်နေ့ (၀၈:၀၀) အချိန်တွင် ကချင်ပြည်နယ် သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်တို့ ဦးဆောင်မှုဖြင့် မြစ်ကြီးနားတပ်နယ်ရှာဖွေ ကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၁၆) ဖွင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ အမှတ် (၉၀၁) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းတွင် ကျင်းပခဲ့ရာ ဗိုလ်မှူးကြီးကျော်ကျော်ဦးက အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ပြည်နယ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် ပြည်နယ်မို:/ဇလ ဦးစီးဌာနတို့မှ ဆွေးနွေးကြမည်ဖြစ်ပြီး ကယ်ဆယ်ရေးဦးစီးဌာနအနေဖြင့် သဘာဝဘေးဖြစ်ပွားရခြင်းအကြောင်းနှင့် ဆောင်ရန်/ရှောင်ရန် အချက်များ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ/နည်းဥပဒေများမှ တပ်မတော်နှင့် သက်ဆိုင်သည့်အချက်များ နိုင်ငံတကာတွင် ဆောင် ရွက်လျက်ရှိသည့် သဘာဝဘေးကြိုတင်ကာကွယ်ရေးနည်းလမ်းများ ကိုဆွေးနွေးဟောပြောခဲ့ပြီး သင်တန်းကာလမှာ (၂၂-၈-၂၀၆) မှ (၂-၉ ၂၀၁၆) ရက်နေ့ထိ ကြာမြင့်မည်ဖြစ်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည် အင်အား (၄၅) ဦး တက်ရောက်ကြောင်း သိရှိရပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး