–
၂၀၁၆ခုနှစ်၊ဇူလိုင်လလယ်ခန့်မှစတင်ဖြစ်ပွားလျက်ရှိသောရေကြီးရေလျှံမှုများကြောင့် တိုင်းဒေသကြီး/ပြည်နယ်(၁၁)ခုတွင် ပြည်သူများအား ဘေးလွတ်ကင်းရာနေရာများသို့ ယာယီပြောင်းရွှေ့နေရာချထားပေးမှုများရှိခဲ့ရာ (၂၂-၈-၂၀၁၆)နေ့အထိ အိမ်ထောင်စု(၁)သိန်း (၂)သောင်းကျော်မှလူဦးရေ(၄)သိန်း(၈)သောင်းကျော်ကို ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ရပါသည်။လူ(၉)ဦးသေဆုံးခဲ့ပါသည်။ သို့သော် ယခုအခါ အချို့နေရာများတွင် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် မူလနေရာများသို့ပြန်လည်ရွှေ့ပြောင်းလျက်ရှိရာ
အဆိုပါရေဘေးဒဏ်ခံစားခဲ့ရသည့်ပြည်သူများအတွက်လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိရာ(၁၅-၇-၂၀၁၆)မှ(၂၂-၈-၂၀၁၆)ရက်နေ့အထိ ဆန်၊ခေါက်ဆွဲ၊ရေသန့်၊ငါးသေတ္တာ၊ရေသန့်ဆေးပြား၊ကယ်ဆယ်ရေးပစ္စည်းများ၊မိုးကာစ၊ရေမျောပါပျက်စီးသည့်အိမ်များအတွက်ထောက်ပံ့မှု၊သေဆုံးသူထောက်ပံ့မှုများအတွက်စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း(၇၄၀၀)ကျော်ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ခရိုင်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊လူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ထောက်ပံ့မှုများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဖြတ်မြို့နယ်နှင့် နောင်ချိုမြို့နယ်များ၌ (၁၉-၈-၂၀၁၆)နေ့နှင့် (၂၀-၈-၂၀၁၆)နေ့များတွင်မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့်နေအိမ်(၆)လုံးပြိုကျပျက်စီးခဲ့ပြီးနေအိမ်(၁၆၅)လုံးအမိုးလန်ပျက်စီးခဲ့ကာလူဦးရေစုစုပေါင်း(၈၉၉)ဦးဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်။ အဆိုပါဘေးများအတွက် လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တန်ဖိုးငွေ (၆၀,၄၂,၉၄၆/-)ရှိ ဆန်ရိက္ခာဖိုး၊အိမ်ဆောက်ပစ္စည်းဖိုးနှင့်ကယ်ဆယ်ရေးပစ္စည်းများကို(၂၁-၈-၂၀၁၆)နေ့တွင်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။