Category Archives: News
-
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ တိမ်းရှောင်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက် ရှိခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့်အတူ ပူးပေါင်း၍ မဲသဝေါဒေသရှိ ကျေးရွာများမှ မြိုင်ကြီးငူအထူးဒေသသို့ တိမ်းရှောင်ရောက်ရှိလာသူများအား ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိရာ (၁၃-၉-၂၀၁၆)နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီး၊ လူမှုရေး၀န်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာ၀န်ကြီးတို့နှင့်အတူ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်သည် မြိုင်ကြီးငူအထူးဒေသ၊ မြတ်ပန်း၀တ်မုံခန်းမဆောင်နှင့် အေးလင်းသာယာကျောက်စာကွင်းတို့တွင် တိမ်းရှောင် မိသားစုများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီးနောက် မိသားစု(၆၆၅)စု၊ လူဦးရေ (၃၈၁၃)ဦးတို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီသော ဆန်(၁၈၀)အိတ်၊ စားဆီ(၂၇၂)ပိဿာ၊ တာပေါ်လင်လိပ်(၆)လိပ် တို့ကို ထောက်ပံ့ပေးခဲ့ပြီး လူမှုကာကွယ်စောင့်ရှောက်ရေးအနေဖြင့် ကိုယ်၀န်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ရင်သွေးငယ်ရှိ … Read more
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်း
၁။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝေါလ်ဗေးရှင်းမြန်မာအဖွဲ့နှင့် ပူးပေါင်း၍ (၁၆.၈.၂၀၁၆)ရက်နေ့မှ (၁၈.၈.၂၀၁၆)ရက်နေ့အထိ ထားဝယ်မြို့၊ မြန်မာနှစ်ခြင်းခရစ်ယာန်အသင်းစင်တာတွင် ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများမှ လူငယ် (၃၀)ဦးဖြင့် သဘာဝဘေးအသိပညာပေး လူငယ်ဆင့်ပွားသင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။ ၂။ (၂၇.၈.၂၀၁၆)ရက်နေ့တွင် ထားဝယ်မြို့၊ ကနိုင်းဒါကျေးရွာ၌ ရပ်ရွာသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ အပါအဝင် ကျေးရွာသူရွာသား (၃၀)ဦးနှင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း၊ ၃။ (၂၉.၈.၂၀၁၆)ရက်နေ့တွင် ထားဝယ်မြို့၊ မောင်မယ်ရှောင်ကျေးရွာ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရပ်ရွာအခြေပြုသဘာဝဘေးစီမံခန့်ခွဲမှုအကြောင်း ဟောပြောပို့ချပေးခဲ့ရာ ရွာသူရွာသား (၃၀)ဦး … Read more
-
ဥတ္တရသီရိမြို့နယ် မိုးစွေကျေးရွာအုပ်စု လဲဝန်းကျေးရွာရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၁၂.၉.၂၀၁၆) နေ့ ရေဘေးအတွက် ထပ်တိုးအိမ်ထောင်စု (၁၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး ရေသန့်ဆေးနှင့် ရေဘေးသင့်ခဲ့သော စုစုပေါင်း အိမ်ထောင်စု (၄၇) စုအတွက် အိမ်ဆောက်ပစ္စည်း တစ်အိမ်ထောင်လျှင် (၂) သောင်းနှုန်းဖြင့် စုစုပေါင်း (၉၄၀၀၀၀/-) ကျပ်နှင့် လူဦးရေ (၂၁၁) ဦးအတွက် ဆန်ဖိုး (၁၈၉၉ဝဝ/-) ကျပ်တို့အား (၁၂.၉.၂၀၁၆) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source : ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
တိုးပွားလာမယ့်သက်ကြီးရွယ်အိုများအတွက် လူမှုရေးနှင့်ကျန်းမာရေးကဏ္ဍများ တိုးမြှင့် စောင့်ရှောက်ရန်လိုအပ်မှုသတင်း
နေပြည်တော်၊ ၁၂-၉-၂၀၁၆ သက်ကြီးရွယ်အိုများရဲ့ ဘ၀လုံခြုံစိတ်ချစေရေးအတွက် ၀န်ကြီးဌာနကဦးဆောင်ရေး ဆွဲဆောင် ရွက်လျက်ရှိသည့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ(မူကြမ်း)အား လွှတ်တော်က အတည်ပြုပြဌာန်းပြီး နောက်ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် မြန်မာနိုင်ငံ အမျိုးသားအဆင့် သက်ကြီးရွယ်အို စီမံကိန်း (၂၀၁၄-၂၀၂၃) ပါ လုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါ၀င်ဆောင်ရွက်သွားကြရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အမရဟိုတယ်၌ ကျင်းပ ပြုလုပ်သည့် မြန်မာနိုင်ငံ သက်ကြီးရွယ်အို မူဝါဒရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး၊ ဒေါက်တာ၀င်းမြတ်အေးက တိုက်တွန်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မိမိတို့နိုင်ငံသည် အခြားသော အရှေ့တောင်အာရှနိုင်ငံများနည်းတူ သက်ကြီးရွယ်အိုတိုးတက်မှုနှုန်းမှာ … Read more
-
လယ်ဝေးမြို့ အမှတ် (၃) ရပ်ကွက်နယ်မြေ (၁၁) ရှိရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လယ်ဝေးမြို့ အမှတ် (၃) ရပ်ကွက်နယ်မြေ (၁၁) ရှိ ရေဘေးသင့်အိမ်ထောင်စု (၃၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး ရေသန့်ဆေး အာဟာရမှုန့်၊ အဝတ်အထည်များအား (၁၂.၉.၂၀၁၆) နေ့တွင် ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ လယ်ဝေးမြို့ ဖောင်တော်ချက်မ ကယ်ဆယ်ရေးစခန်းသို့သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source : ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
နေပြည်တော်၊ ဥတရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လဲဝန်းကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
(၁၂.၉.၂၀၁၆)ရက်နေ့၌ နေပြည်တော်၊ ဥတရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လဲဝန်းကျေးရွာတွင် ငလိုက်ချောင်း ရေကြီးမှုကြောင့် ရေဝင်ရောက်ခဲ့သော အိမ်ထောင်စု (၃၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးနှင့် ရေသန့်ဆေးတို့အား (၁၂.၉.၂၀၁၆)ရက်နေ့တွင် ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရေဘေးအလှူငွေ လက်ခံခြင်းနှင့် လမ်းပေါ်နေကလေးများအတွက် ယာယီစောင့်ရှောက်ရေးစခန်း ပိုမိုကောင်းမွန်စွာထားရှိရေးကြည့်ရှုမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အောင်စကြာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၌ ကျင်းပသော အလှူရှင် ဒေါ်ရွှေပု၏ရေဘေးသင့် သာသနိကအဆောက်အဦများ၊ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ပုဂံဘုရားစေတီ ပုထိုးများပြုပြင်ရန်နှင့် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ခြင်းအခမ်းအနားသို့တက်ရောက်ပြီး ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ်သိန်း (၈၀) ကိုလက်ခံရယူကာ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကမာရွတ်မြို့နယ်ရှိ နာနတ်တောယာယီထိန်းသိမ်းရေးစခန်းသို့ရောက်ရှိပြီး ယာယီ ထိန်းသိမ်းထားရှိသောသူများ၏ နေထိုင်စားသောက်မှုအခြေအနေ၊ ကျန်းမာရေးအခြေအနေများနှင့် အဆောက်အဦများ စနစ်တကျမွမ်းမံပြုပြင်ရန် လိုအပ်မှုများကို … Read more
-
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န် ရှိသူများသည် ပဲခူးမြို့၊ ဥဿာမြို့သစ်၊ အမှတ် (၁)ရပ်ကွက်၊ တိဿလမ်းနှင့် မဟာကြီးတောရလမ်း ကြားရှိ၊ မင်းဓမ္မအနောက်ကျောင်းတွင် ဖြစ်ပွားခဲ့သောမီးဘေးအတွက် ကျောင်းဆောက်ပစ္စည်း တန်ဖိုးငွေကျပ် (၂၀၀,၀၀၀)နှင့် သင်္ကန်းတစ်စုံတန်ဖိုးငွေကျပ် (၁၈,၀၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၂၁၈,၀၀၀) အား (၁၀-၉-၂၀၁၆) ရက်နေ့တွင် ဘေးသင့်ဘုန်းတော်ကြီးကျောင်းသို့သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မြောက်ဦးခရိုင်၊ မင်းပြားမြို့တွင် မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံး ရှိတာ၀န်ရှိသူများသည် မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်တွင် (၉-၉-၂၀၁၆)ရက်နေ့ (၁၃:၅၀)အချိန်၌ ဖြစ်ပွားခဲ့သောမီးဘေးသင့် အိမ်ထောင်စု (၁)စု၊ လူဦးရေ (၈)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၅၀၀၀၀)နှင့် ဆန်ရိက္ခာ တန်ဖိုးငွေကျပ် (၇၂၀၀)အား (၁၀-၉-၂၀၁၆)ရက်နေ့ တွင်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။









