တိုးပွားလာမယ့်သက်ကြီးရွယ်အိုများအတွက် လူမှုရေးနှင့်ကျန်းမာရေးကဏ္ဍများ တိုးမြှင့် စောင့်ရှောက်ရန်လိုအပ်မှုသတင်း

နေပြည်တော်၊ ၁၂-၉-၂၀၁၆

သက်ကြီးရွယ်အိုများရဲ့ ဘ၀လုံခြုံစိတ်ချစေရေးအတွက်  ၀န်ကြီးဌာနကဦးဆောင်ရေး ဆွဲဆောင် ရွက်လျက်ရှိသည့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ(မူကြမ်း)အား လွှတ်တော်က အတည်ပြုပြဌာန်းပြီး နောက်ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် မြန်မာနိုင်ငံ အမျိုးသားအဆင့် သက်ကြီးရွယ်အို စီမံကိန်း (၂၀၁၄-၂၀၂၃) ပါ လုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါ၀င်ဆောင်ရွက်သွားကြရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အမရဟိုတယ်၌ ကျင်းပ ပြုလုပ်သည့် မြန်မာနိုင်ငံ သက်ကြီးရွယ်အို မူဝါဒရေးဆွဲရေးဆိုင်ရာ  အလုပ်ရုံဆွေးနွေးပွဲတွင် လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး၊ ဒေါက်တာ၀င်းမြတ်အေးက တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ မိမိတို့နိုင်ငံသည် အခြားသော အရှေ့တောင်အာရှနိုင်ငံများနည်းတူ သက်ကြီးရွယ်အိုတိုးတက်မှုနှုန်းမှာ အလျင်အမြန်ပြောင်းလဲလျက်ရှိပြီး ၂၀၁၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ထုတ်ပြန်ချက်အရ နိုင်ငံ၏ စုစုပေါင်းလူဦးရေ သန်း(၅၀)ကျော်တွင် (၄.၅)သန်း၊(၈.၉)ရာခိုင်နှုန်း ဟာအသက်(၆၀)နှစ်အထက် သက်ကြီး ရွယ်အိုများဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရ အနာဂတ်မှာ တိုးပွားလာမည့် သက်ကြီးရွယ်အို များအတွက် လူမှုရေးနှင့်ကျန်းမာရေးကဏ္ဍများကို တိုးမြှင့်စောင့်ရှောက်နိုင်ရေး လိုအပ်မည် ဖြစ်ပါကြောင်း၊ နှစ်စဥ်တိုးတက်မြင့်မားလာသော သက်ကြီးရွယ်အိုများအတွက် ရိပ်သာအခြေပြု စောင့်ရှောက်မှုလုပ်ငန်းနှင့် လုံလောက်မှုမရှိသည့်အတွက် ၂၀၀၄ ခုနှစ်မှ စတင်၍ စေတနာ့ ၀န်ထမ်းအခြေပြု အိမ်တိုင်ရာရောက် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းကို နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာကို ၂၀၁၃ ခုနှစ်က ရန်ကုန်မြို့ တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းမှာ နိုင်ငံတကာစောင့်ရှောက်မှုနည်းလမ်းသစ်တစ်ခုကို စတင်ဆောင်ရွက် နိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်မှုလုပ်ငန်းကို တိုးချဲ့ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါကြောင်း၊ သက်ကြီးရွယ်အိုများကို လူမှုရေးနှင့် ကျန်းမာရေး ကဏ္ဍတွင် စနစ်တကျစောင့်ရှောက်မှု ပေးနိုင် ရန်နှင့် လူငယ်များအလုပ်အကိုင် အခွင့်အလမ်း များရရှိစေရေး အထောက်အကူပြုနိုင်ရန် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်သူ(Care Giver) သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ(မူကြမ်း)ကို အတည်ပြုပြဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) စီမံချက် တွင်လည်း အသက်(၉၀)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများစာရင်း ကောက်ယူခဲ့ပြီး နိုင်ငံတော်    ဘတ်ဂျက်ရန်ပုံငွေဖြင့် ထောက်ပံ့မှုများပေးနိုင် ခဲ့ပါကြောင်း၊ ယခုထက်ပိုမိုထောက်ပံ့ပေးနိုင်ရေး အတွက်လည်း  စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုအစိုးရ အဖွဲ့မှအတည်ပြုထား ရှိပြီးဖြစ်သည့်   အမျိုးသားအဆင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းစီမံကိန်းပါ   လုပ်ငန်း (၁၀) ခုကို အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ရန်အလို့ငှာ သက်ကြီးရွယ်အိုဆိုင်ရာ မူဝါဒတစ်ရပ်ပေါ်ထွန်းလာစေရန်အတွက် ဝိုင်း၀န်းအကြံပြုဆွေးနွေးပေးကြရန် ပြောကြားခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

Source:  MSWRR

 

Sign Up

Upcoming Events