ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်း

1 2 3 4 5 6 7

၁။        ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝေါလ်ဗေးရှင်းမြန်မာအဖွဲ့နှင့် ပူးပေါင်း၍ (၁၆.၈.၂၀၁၆)ရက်နေ့မှ (၁၈.၈.၂၀၁၆)ရက်နေ့အထိ ထားဝယ်မြို့၊ မြန်မာနှစ်ခြင်းခရစ်ယာန်အသင်းစင်တာတွင် ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများမှ လူငယ် (၃၀)ဦးဖြင့် သဘာဝဘေးအသိပညာပေး လူငယ်ဆင့်ပွားသင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။

၂။         (၂၇.၈.၂၀၁၆)ရက်နေ့တွင် ထားဝယ်မြို့၊ ကနိုင်းဒါကျေးရွာ၌ ရပ်ရွာသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ အပါအဝင် ကျေးရွာသူရွာသား (၃၀)ဦးနှင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း၊

၃။        (၂၉.၈.၂၀၁၆)ရက်နေ့တွင် ထားဝယ်မြို့၊ မောင်မယ်ရှောင်ကျေးရွာ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရပ်ရွာအခြေပြုသဘာဝဘေးစီမံခန့်ခွဲမှုအကြောင်း ဟောပြောပို့ချပေးခဲ့ရာ ရွာသူရွာသား (၃၀)ဦး တက်ရောက်ခဲ့ကြောင်း၊

၄။        (၃၀.၈.၂၀၁၆)ရက်နေ့တွင် ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက် မူလတန်းကျောင်း၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ သဘာဝဘေးအသိပညာပေး ဟောပြောခဲ့ရာ ရပ်ရွာရှိ သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ အပါအဝင် အင်အား (၅၀)ဦး တက်ရောက်ခဲ့ကြောင်း၊

၅။        (၃၀.၈.၂၀၁၆)ရက်နေ့ ညနေတွင် ထားဝယ်မြို့၊ ဒေါင်းငူရပ်ကွက်မှ လူငယ်လူရွယ် အင်အား (၅၀) ဦးအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများမှ သဘာဝဘေးအသိပညာပေးဟောပြောခဲ့ကြောင်း၊

၆။        (၃၁.၈.၂၀၁၆)ရက်နေ့တွင် ထားဝယ်မြို့၊ ရှင်မုတ္ထီးကျေးရွာ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများသည် သဘာဝဘေးအသိပညာပေးဟောပြောပို့ချရာ ရွာသူရွာသား (၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source :  တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events