ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န် ရှိသူများသည် ပဲခူးမြို့၊ ဥဿာမြို့သစ်၊ အမှတ် (၁)ရပ်ကွက်၊ တိဿလမ်းနှင့် မဟာကြီးတောရလမ်း ကြားရှိ၊ မင်းဓမ္မအနောက်ကျောင်းတွင် ဖြစ်ပွားခဲ့သောမီးဘေးအတွက် ကျောင်းဆောက်ပစ္စည်း တန်ဖိုးငွေကျပ် (၂၀၀,၀၀၀)နှင့် သင်္ကန်းတစ်စုံတန်ဖိုးငွေကျပ် (၁၈,၀၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၂၁၈,၀၀၀) အား (၁၀-၉-၂၀၁၆) ရက်နေ့တွင် ဘေးသင့်ဘုန်းတော်ကြီးကျောင်းသို့သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။