လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရေဘေးအလှူငွေ လက်ခံခြင်းနှင့် လမ်းပေါ်နေကလေးများအတွက် ယာယီစောင့်ရှောက်ရေးစခန်း ပိုမိုကောင်းမွန်စွာထားရှိရေးကြည့်ရှုမှုသတင်း

1 2

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အောင်စကြာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၌ ကျင်းပသော အလှူရှင် ဒေါ်ရွှေပု၏ရေဘေးသင့် သာသနိကအဆောက်အဦများ၊ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ပုဂံဘုရားစေတီ ပုထိုးများပြုပြင်ရန်နှင့် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ခြင်းအခမ်းအနားသို့တက်ရောက်ပြီး ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ်သိန်း (၈၀) ကိုလက်ခံရယူကာ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကမာရွတ်မြို့နယ်ရှိ နာနတ်တောယာယီထိန်းသိမ်းရေးစခန်းသို့ရောက်ရှိပြီး ယာယီ ထိန်းသိမ်းထားရှိသောသူများ၏ နေထိုင်စားသောက်မှုအခြေအနေ၊ ကျန်းမာရေးအခြေအနေများနှင့် အဆောက်အဦများ စနစ်တကျမွမ်းမံပြုပြင်ရန် လိုအပ်မှုများကို လိုက်လံကြည့်ရှုပြီး လိုအပ်ချက်များ အကောင်အထည် ဖော်ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာသို့ရောက်ရှိပြီး လာမည့်လာနီညာရာသီအတွက် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးပညာပေးအစီအစဉ်များနှင့်ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းများကို တာဝန်ရှိသူများနှင့်အတူ ဆွေးနွေးရာ သဘာဝဘေးပညာပေးအသံလွှင့်ဇာတ်လမ်းများ ထုတ်လွှင့်နိုင်ရေး၊ ပညာပေးဇာတ်လမ်းတိုဗွီဒီယိုများ ရိုက်ကူးပြသရေးအတွက် သဘာဝဘေးအန္တရာယ်ကျရောက်နေစဉ်ကာလအတွင်း ရိုက်ကူးထားသောဖြစ်ရပ်မှန်ဗွီဒီယိုများရရှိ စုဆောင်းနိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြ ပါသည်။

Source:  MSWRR

Sign Up

Upcoming Events