လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့်အတူ ပူးပေါင်း၍ မဲသဝေါဒေသရှိ ကျေးရွာများမှ မြိုင်ကြီးငူအထူးဒေသသို့ တိမ်းရှောင်ရောက်ရှိလာသူများအား ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိရာ (၁၃-၉-၂၀၁၆)နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီး၊ လူမှုရေး၀န်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာ၀န်ကြီးတို့နှင့်အတူ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်သည် မြိုင်ကြီးငူအထူးဒေသ၊ မြတ်ပန်း၀တ်မုံခန်းမဆောင်နှင့် အေးလင်းသာယာကျောက်စာကွင်းတို့တွင် တိမ်းရှောင် မိသားစုများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီးနောက် မိသားစု(၆၆၅)စု၊ လူဦးရေ (၃၈၁၃)ဦးတို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီသော ဆန်(၁၈၀)အိတ်၊ စားဆီ(၂၇၂)ပိဿာ၊ တာပေါ်လင်လိပ်(၆)လိပ် တို့ကို ထောက်ပံ့ပေးခဲ့ပြီး လူမှုကာကွယ်စောင့်ရှောက်ရေးအနေဖြင့် ကိုယ်၀န်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ရင်သွေးငယ်ရှိ နို့တိုက်မိခင်များအတွက် (၁)ဦးလျှင်(၂၀၀၀၀/-) နှုန်းဖြင့် ထောက်ပံ့ငွေများကိုလည်းပေးအပ်ခဲ့ကြောင်းနှင့် လိုအပ်သည်များ ဆက်လက် ထောက်ပံ့ကူညီသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။