Category Archives: News
-
မောင်တောမြို့နယ်မှ နေရပ်ခေတ္တစွန့်ခွာလာသည့် ပြည်သူများအားထောက်ပံ့ပို့ဆောင်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် မောင်တောမြို့နယ်မှ နေရပ်ခေတ္တစွန့်ခွာလာသူများအား ယာယီထားရှိရာ စစ်တွေမြို့ ကယ်ဆယ်ရေးစခန်းရောက် အိမ်ထောင်စု (၅၀)စု၊ လူဦးရေ (၁၄၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးအား (၂၉-၁၀-၂၀၁၆)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပြီး မလိခအမြန်ရေယာဉ်ဖြင့် မိမိနေရပ် ဒေသသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကံပေါက်ကျေးရွာအုပ်စု၊ ဓမင်းဆိပ်ကျေးရွာ၌ ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
(၂၇-၁၀-၂၀၁၆) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကံပေါက်ကျေးရွာအုပ်စု၊ ဓမင်းဆိပ်ကျေးရွာ၌ ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခဲ့ပါသည်။ အဆိုပါဇာတ်တိုက်လေ့ကျင့်ခန်းကို တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာနေပြည်သူများ ပူးပေါင်းပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း ကျင်းပမှုသတင်း
(၂၇-၁၀-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးစခန်းတွင် ရပ်ရွာအခြေပြုမူးယစ် ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းကို ဖွင့်လှစ်ခဲ့ရာ အဆိုပါသင်တန်းသို့ သင်တန်းသား (၃၅) ဦး တက်ရောက်ခဲ့ပြီး ကျိုင်းတုံ ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ၊ ဒေါ်မြင့်မြင့်ခိုင်နှင့် ဒုတိယဦးစီးမှူး ဒေါ်စန္ဒာရွှေမှ မိမိတို့ဌာန၏လုပ်ငန်းတာဝန်များ၊ သဘာဝဘေးအန္တရာယ်အကြောင်းများကို ဆွေးနွေးပို့ချခဲ့ကြောင်း သိရှိရပါ သည်။ Source : ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မောင်တောမြို့နယ်မှနေရပ်ခေတ္တစွန့်ခွာလာသူများ ၄င်းတို့နေရပ်အသီးသီးသို့ ပြန်ရာတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာနမှ ထောက်ပံ့ပေးမှုသတင်း
(၂၈-၁၀-၂၀၁၆) ရက်နေ့တွင် မောင်တောမြို့နယ်မှနေရပ်ခေတ္တစွန့်ခွာလာသူများအား ယာယီထားရှိရာ စစ်တွေမြို့ ကယ်ဆယ်ရေးစခန်းရောက် အိမ်ထောင်စု (၆၄) စု၊ လူဦးရေ စုစုပေါင်း (၁၉၁) ဦး၊ အိမ်ထောင်စု (၆၄) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ထောက်ပံ့ပေးအပ်ခဲ့ပြီး ရွှေပြည်တန် အမြန်ရေယာဉ်ဖြင့် မိမိနေရပ်ဒေသသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မောင်တောမြို့နယ်မှနေရပ်ခေတ္တစွန်ခွာလာသူများ ၄င်းတို့နေရပ်အသီးသီးသို့ ပြန်ရာတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာနမှ ထောက်ပံ့ပေးမှုသတင်း
(၂၇-၁၀-၂၀၁၆) ရက်နေ့တွင် မောင်တောမြို့နယ်မှနေရပ်ခေတ္တစွန့်ခွာလာသူများအား ယာယီထားရှိရာ စစ်တွေမြို့ ကယ်ဆယ်ရေးစခန်းရောက် အိမ်ထောင်စု (၂၅) စု၊ လူဦးရေ စုစုပေါင်း (၈၆) ဦး၊ အိမ်ထောင်စု (၂၅) စု စာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ထောက်ပံ့ပေးအပ်ခဲ့ပြီး ရွှေနဒီ အမြန်ရေယာဉ်ဖြင့် မိမိနေရပ်ဒေသသို့ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ချောက်မြို့နယ်အတွင်း မိုးကြိုးထိမှန်သေဆုံးသူအတွက် ထောက်ပံ့မှုသတင်း
(၂၇-၁၀-၂၀၁၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးခရိုင်၊ ချောက်မြို့နယ်၊ ညောင်ဇင်ကျေးရွာ၌ (၂၇-၁၀-၂၀၁၆) ရက်နေ့၊ (၁၂:၃၀) နာရီတွင် ဦးသိန်းဝင်း နေအိမ်ရှိ တီဗွီအင်တနာတိုင်အား မိုးကြိုးပစ်ခတ်ရာ နေအိမ်အနီးဖြတ်သန်းသွားလာသော ကိုဖြိုးအောင်ဝေ အသက် (၂၉)နှစ် (ဘ) ဦးဖိုးတင်ဝင်းအား ထိမှန်သေဆုံးခဲ့ပါသည်။ ထိုမိုးကြိုးထိမှန်သေဆုံးသူ အတွက် မကွေးတိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိုးမှ ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်ကို မြို့နယ်အုပ်ချုပ်ရေးမှူး ထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
စစ်တွေမှ မောင်တောနေရပ်ပြန် အိမ်ထောင်စု (၃၄) စုမှ လူဦးရေ (၁၀၈) ဦးအား မူလနေရပ်သို့ပြန်လည်ပို့ဆောင်ပေးခြင်းနှင့် ထောက်ပံ့ပေးမှုသတင်း
(၂၆-၁၀-၂၀၁၆) ရက်နေ့၊ နံနက် (၇) နာရီအချိန်တွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများသည် စစ်တွေမှ မောင်တောနေရပ်ပြန် အိမ်ထောင်စု (၃၄) စုမှ လူဦးရေ (၁၀၈) ဦးအား မူလနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရန်အတွက် စစ်တွေဆိပ်ကမ်းမှ ဘူးသီးတောင်မြို့သို့ ရွှေပြည်တန်အမြန်ရေယာဉ်ဖြင့် ပို့ဆောင်ပေးသည့်အပြင် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၃၄) စုစာ ထောက်ပံ့ပေးခဲ့ပါသည်။ အဆိုပါနေရပ်ပြန်ပြည်သူများသည် ဘူးသီးတောင်မြို့အမြန်ယာဉ်ဆိပ်ကမ်းသို့ (၁၃:၁၅) နာရီအချိန်တွင် ရောက်ရှိခဲ့ရာ မောင်တောခရိုင်ဦးစီးမှူးရုံး … Read more
-
ထိုင်း-မြန်မာနယ်စပ်မှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသား (၆၅) ဦး အား နေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရန် ကြိုဆိုလက်ခံမှုသတင်း
(၂၆-၁၀-၂၀၁၆) ရက်နေ့တွင် ထိုင်း- မြန်မာနယ်စပ်မှ ရောက်ရှိလာသော မြန်မာနိုင်ငံသား အလုပ် သမား အမျိုးသား (၃၀) ဦး၊ အမျိုးသမီး (၃၅) ဦး၊ စုစုပေါင်း (၆၅) ဦး၊ အိမ်ထောင်စု (၁၉) စု တို့ကို မြဝတီမြို့ပြန်လည်ကြိုဆိုရေးစခန်း၌ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦးတို့မှ လက်ခံ ကြိုဆိုခဲ့ … Read more
-
(၂၅-၁၀-၂၀၁၆)ရက်နေ့တွင် မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ မောင်တောနေရပ်ပြန် အိမ်ထောင်စု (၁၉)စုအား လိုက်ပါပို့ဆောင်ခြင်း
(၂၅-၁၀-၂၀၁၆)ရက်နေ့တွင် မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မောင်တောနေရပ်ပြန် အိမ်ထောင်စု (၁၉)စုမှ ကျား (၄၀)ဦး၊ မ (၃၈)ဦး၊ စုစုပေါင်း လူဦးရေ (၇၈)ဦးအား (၁၄:၁၅)နာရီအချိန်တွင် မလိခအမြန်ရေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ကာ အိမ်ထောင်စု (၁၉)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၁၉)အိမ်ထောင်စာအား (၂၅-၁၀-၂၀၁၆)ရက်နေ့တွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source : မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ မုန်တိုင်းအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခြင်း
(၂၅-၁၀-၂၀၁၆)ရက်နေ့တွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ မုန်တိုင်းအသိပညာပေး လက်ကမ်းစာစောင်များအား ကမ်းနားလမ်းတစ်လျှောက် ဆိပ်ငယ်စျေးကြီးနှင့် ပြည်တော်သာဆိပ်ခံတံတားတို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာတို့နှင့် ပူးပေါင်း၍ ထပ်မံဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source : မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)









