ထိုင်း-မြန်မာနယ်စပ်မှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသား (၆၅) ဦး အား နေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရန် ကြိုဆိုလက်ခံမှုသတင်း

6

 

 

 

 

8

7

(၂၆-၁၀-၂၀၁၆) ရက်နေ့တွင် ထိုင်း- မြန်မာနယ်စပ်မှ ရောက်ရှိလာသော မြန်မာနိုင်ငံသား အလုပ် သမား အမျိုးသား (၃၀) ဦး၊ အမျိုးသမီး (၃၅) ဦး၊ စုစုပေါင်း (၆၅) ဦး၊ အိမ်ထောင်စု (၁၉) စု တို့ကို မြဝတီမြို့ပြန်လည်ကြိုဆိုရေးစခန်း၌ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦးတို့မှ လက်ခံ ကြိုဆိုခဲ့ ပါသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် (ကဆရ)မှ ဦးဆောင်၍ အိမ်ထောင် (၁) စု လျှင် ထောက်ပံ့ငွေကျပ် (၃) သိန်းနှင့် ပစ္စည်း (၁၈) မျိုးပါ Family Kit (၁) စုံစီ၊ နေရပ်ပြန်သူ များအတွက် ခရီးစရိတ်အဖြစ် (၁) ဦးလျှင် (၁၅၀၀၀/-)၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ဖျာ၊ အိပ်ယာ၊ ပလတ်စတစ်ပုံး၊ ရေချိုးခွက်၊ ဆပ်ပြာခွက်များ၊ လူ(၁) ဦးလျှင် အင်္ကျီ (၃) ထည် နှုန်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ (၁) အိမ်ထောင်လျှင် ငွေကျပ် (၁) သိန်းနှင့် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်ခဲ့ပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events